Connect with us

Hi, what are you looking for?

သတင်း

ကုလလူ့အခွင့်အရေးကောင်စီကိုယ်စားပြုခွင့်နေရာ စစ်ကောင်စီ ဆက်လက်အရေးနိမ့်

ကုလသမဂ္ဂဌာနချုပ်၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မြန်မာပြည်သူများနှင့်တစ်သားတည်းရပ်တည်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံသည့် အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်နေရာရရှိထားသည်။

(ကုလသမဂ္ဂလူအခွင့်အ​ရေး​ကောင်စီ ၏အစည်းအ​ဝေးခန်းမ။ ။ဓါတ်ပုံ-UN)
(ကုလသမဂ္ဂလူအခွင့်အ​ရေး​ကောင်စီ ၏အစည်းအ​ဝေးခန်းမ။ ။ဓါတ်ပုံ-UN)

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် မြန်မာစစ်ကောင်စီခန့် အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကို နိုင်ငံကိုယ်စားပြုခွင့်ပေးမည်မဟုတ်ဘဲ ယမန်နှစ်အတိုင်း လစ်လပ်ထားရှိမည်ဟု ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အရည်အချင်းစစ်ကော်မတီက မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်နှင့်ပတ်သက်၍ ရွှေ့ဆိုင်းကြောင်းဆုံးဖြတ်ခဲ့သဖြင့် ဆွစ်ဇာလန်၊ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကလည်း ယမန်နှစ်အတိုင်း ဆက်လက်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုလလူ့အခွင့်အရေးကောင်စီ၌ အကြမ်းဖက်မြန်မာစစ်ကောင်စီက ကိုယ်စားပြုခွင့်ရရန် ကြိုးပမ်းနေရာ ကောင်စီ၏ ယခုဆုံးဖြတ်ချက်ကြောင့်ကုလသမဂ္ဂမျက်နှာစာ၌ အရှုံးနှင့် ထပ်မံရင်ဆိုင်ခဲ့ရသည်။

“စစ်အုပ်စုရဲ့ လက်ရှိသံတာဝန်ခံကတက်ခွင့်ရဖို့ဆက်ကြိုးစားနေပေမဲ့ သူတို့မအောင်မြင်ပါဘူး။ မနေ့ကဘဲ ကောင်စီက အရင်ဆုံးဖြတ်ချက်အတိုင်းဆက်ထားမယ်လို့ထုတ်ပြန်ကြေညာပါတယ်” ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ဖေဖော်ဝါရီ​အစောပိုင်းကာလတွင် ထိုစဥ်က အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးမြင့်သူက စစ်ကောင်စီအတွက် ကုလလူ့အခွင့်အရေးကောင်စီ၌ ကိုယ်စားပြုခွင့်ရခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းနုတ်ထွက်သွားရာ ထိုအချိန်မှစတင်ကာ ကောင်စီ၌ မြန်မာကိုယ်စားပြုခွင့်ကို စစ်ကောင်စီက မရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ဒုတိယပတ်တွင် စစ်ကောင်စီအတွက် သံအမတ်ကြီး ဦးမြင့်သူက လူ့အခွင့်အရေးကောင်စီ၌ ကာကွယ်ပြောဆိုခဲ့ရာ ရာနှင့်ချီသော အရပ်ဖက်အဖွဲ့အစည်းများက ယင်းသံအမတ်ကို ဖယ်ရှားပေးရန် တခဲနက် လက်မှတ်ထိုးတင်ပြတောင်းဆိုခဲ့ကြသည်။ထို့အတွက်စစ်အုပ်စုကိုယ်စားပြုသံအမတ်/သံရုံးအား လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ကို ၂၀၂၁ ဇွန်လမှစတင် ပိတ်ခံလိုက်ကြောင်းဒေါ်ခင်ဥမ္မာကရေးသားထားသည်။

ကုလသမဂ္ဂဌာနချုပ်၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မြန်မာပြည်သူများနှင့်တစ်သားတည်းရပ်တည်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံသည့် အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်နေရာရရှိထားသည်။

အကြမ်းဖက်စစ်အုပ်စုသည် ကုလသမဂ္ဂနှင့်သက်ဆိုင်သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) တို့၌လည်း ကိုယ်စားပြုခွင့်ဆုံးရှုံးနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook