Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံခြားကုမ္ပဏီများမှဒါရိုက်တာများ ပြည်တွင်း၌သာ​နေရမည်ဟု စစ်ကောင်စီဆို

စစ်အုပ်စုအာဏာသိမ်းမှု​ကြောင့် ပြည်ပရင်းနှီးမှုများစွာထွက်ခွာသွားသလို ၊ကုန်သွယ်​ရေးလည်းကျဆင်း​နေပြီး စီးပွား​ရေးကျဆင်းမှုဆိုးရွာကာ မတည်ငြိမ်မှုများ​ကြောင့် ၂၀၂၂-၂၀၂၃ တွင်မြန်မာ့စီးပွား​ရေးအ​​ခြေအ​နေကို ကမ္ဘာဘဏ်ကပင် မခန့်မှန်းတက်​ဟုထုတ်ပြန်ခဲ့သည်။

(စစ်အုပ်စုအာဏာမသိမ်းခင်က ရန်ကုန်မြို့လယ်မြင်ကွင်း။ ဓါတ်ပုံ-STY)

▪︎နိုင်ငံခြားကုမ္ပဏီများပို၍အခက်အခဲဖြစ်လာမည်ဟုလုပ်ငန်းရှင်သုံးသပ်

နိုင်ငံခြားကုမ္ပဏီများတွင် အမည်ခံဒါရိုက်တာများနေရာ၌ နိုင်ငံအတွင်းနေထိုင်​သော ဒါရိုက်တာများသာ ခန့်ထားရမည်ဟုစစ်​ကောင်စီက ဇန်နဝါရီ ၁၇ ရက်တွင်ထုတ်ပြန်သည်။

စစ်ကောင်စီ၏ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနကမြန်မာ့နိုင်ငံတွင် ကုမ္ပဏီများတွင် အမည်ခံဒါရိုက်တာများခွင်မပြုကြောင်းနှင့် ကုမ္ပဏီတွင်ပါဝင်သူများကို အမည်ခံအစုရှယ်ယာရှင်များအဖြစ်ခွင့်မပြုဟုထိုညွှန်ကြားချက်တွင်ဆိုသည်။

အခြားနိုင်ငံများတွင်အမည်ခံ အစုရှယ်ယာများများဖြင့် မှတ်ပုံတင်စာရင်းရေးသွင်းခြင်းခွင့်ပြုထားပြီး အကျိူးခံစားခွင့်ရှိသူ ပိုင်ရှင်ကို သီခြားဖော်ပြရသည့် စနစ်မျိုးကျင့်သုံး​နေသည်ဟုစစ်​ကောင်စီကဆိုသည်။ သို့သော်မြန်မာနိုင်ငံတွင်အမည်ခံအစုရှယ်ယာများကို ခွင့်မပြုကြောင်း၊ ကုမ္ပဏီမှတ်ပုံတင်စာရင်းတွင် ရေးသွင်းထားသူများကိုသာ အမှန်ကတယ်အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်အဖြစ်သတ်မှတ်ကြောင်း စစ်ကောင်စီကဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းကုမ္ပဏီများကအမည်ခံ ဒါရိုက်တာ အဖြစ်သီးခြားခန့်အပ်လေ့မရှိသော်လည်း နိုင်ငံခြားကုမ္ပဏီများသည် နိုင်ငံခြားသားတစ်ဦးဦးကို အမည်ခံ ဒါရိုက်တာဖြစ်ခန့်အပ်လေ့ရှိသည်။ ထိုသူများသည် မြန်မာပြည်တွင်း၌ ရက်ပေါင်း ၁၈၃ ထက်မနည်းနေထိုင်သူများဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခု စစ်ကောင်စီ၏ ညွန့်ကြားချက်အရ နိုင်ငံခြားကုမ္ပဏီများ၏ အမည်ခံဒါရိုက်တာများသည် ပြည်တွင်းကိုလာရောက်နေထိုင်ရတော့မည်ဖြစ်၍ ကိုဗစ်ကာလနှင့် စစ်အုပ်စုအာဏာသိမ်းမှု​ ​နောက်ဆက်တွဲ နိုင်ငံရေးအကြပ်အတည်းများကြုံ​နေ​သော ကာလတွင်နိုင်ငံခြားကုမ္ပဏီလုပ်ငန်းများအတွက်အခက်အခဲများဖြစ်ပေါ်စေနိုင်​ကြောင်း စီးပွားရေးလုပ်ငန်းရှင်များကဆိုသည်။

“အခုက အစုရှယ်ယာရှင်ကော၊ ဒါရိုက်တာကော ခန့်အပ်မှုကို နှစ်လုံးခွင့်မပြုဘူးဆိုတော့ နိုင်ငံခြားကုမ္ပဏီတွေ အခက်အခဲဖြစ်စေမှာ သေချာပါတယ်”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရအခက်အခဲဆုံးနိုင်ငံစာရင်းဝင်သွားနိုင်သည်ဟုလည်း ၎င်းကဆက်​ပြောသည်။

စစ်အုပ်စုအာဏာသိမ်းမှု​ကြောင့် ပြည်ပရင်းနှီးမှုများစွာထွက်ခွာသွားသလို ၊ကုန်သွယ်​ရေးလည်းကျဆင်း​နေပြီး စီးပွား​ရေးကျဆင်းမှုဆိုးရွာကာ မတည်ငြိမ်မှုများ​ကြောင့် ၂၀၂၂-၂၀၂၃ တွင်မြန်မာ့စီးပွား​ရေးအ​​ခြေအ​နေကို ကမ္ဘာဘဏ်ကပင် မခန့်မှန်းတက်​ဟုထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

အတွေးအမြင်

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။