Connect with us

Hi, what are you looking for?

သတင်း

ရေဦးနယ်မြောက်ပိုင်းကို စစ်ကောင်စီတပ် သုံးရက်ဆက်စစ်ကြောင်းထိုး

ဇန်နဝါရီ ၁၈ ရက် နေ့နံနက်ပိုင်းက ရေဦးမြို့မှ မြောက်ဘက်ခြမ်းရွာများအား စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဗိုလ်ရုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

ချမ်းသာရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
ချမ်းသာရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

ဒေသခံပြည်သူနှစ်ဦး သတ်ဖြတ်ပြီး ကျေးရွာသုံးရွာမီးရှို့ဖျက်ဆီး၊ ဒေသခံ ပြည်သူထောင်ချီ ထွက်ပြေးနေရပြန်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က သုံးရက်ဆက်စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူ နှစ်ဦး သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇန်နဝါရီ ၁၈ ရက် နေ့နံနက်ပိုင်းက ရေဦးမြို့မှ မြောက်ဘက်ခြမ်းရွာများအား စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဗိုလ်ရုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယမန်နေ့(ဇန်နဝါရီ ၁၉ ရက်) နံနက်ပိုင်းတွင် အင်တောကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တူမောင်းရွာသို့ ဝင်ရောက်စဥ် ဒေသခံပြည်သူ နှစ်ဦးကို သတ်ဖြတ်ပြီး အမျိုးသား ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဆက်လက်စစ်ကြောင်းထိုးနေ၍ ရေဦးနယ်မြောက်ဘက်ခြမ်းရှိ ရွာသစ်၊နွားဘောင်၊ဖိန်းကား၊ ပန်းကုံး၊ ဗိုလ်ရုံ၊အုန်းတပေါင်း၊ ဆပ်သေ၊အင်တော၊ ပုဏ္ဏကား၊ တူမောင်း၊ ရွာသာယာ၊ ဝက်သဲ၊ မီးမောင်းကုန်း၊ ဖန်းခါးဇင်နှင့် ချောင်းရိုး စသည့် ရွာများအပါအဝင် (၁၅)ရွာထက်မနည်းထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ်စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယနေ့ (ဇန်နဝါရီ ၂၀ ရက်)နံနက်ပိုင်းတွင် ရွာထောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ရွာပုလဲမှ ကလေး နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မွန်းလွဲပိုင်း၌ တောင်ကုန်းရွာ၊မြင်းပေါက်ရွာများကို တပ်ဖြန့်ကာ စတင်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်ပြီး ဒုတိယအကြိမ်မြောက် စတင်တပ်ဖြန့်ဝင်ရောက်နေတယ်။ ရေဦးအနောက်ခြမ်းက စစ်ကြောင်းများနဲ့ မလွတ်ကင်းတဲ့ကျေးရွာတွေ ဘေးလွတ်ရာတိမ်းရှောင်ပေးထားကြပါ။”ဟု ရေဦးနယ်ကင်းထောက်တစ်ဦးက အသိပေးသည်။

မီးရှို့ဖျက်ဆီးခံထားရသည့် ကျေးရွာများအား ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေး၍ ပျက်စီး ဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၅ ရက်ကလည်း ရေဦးမြို့နယ် ၊ ချမ်းသာကျေးရွာ၌ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများအပါအဝင် နေအိမ်အဆောက်အအုံအများအပြားအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။