Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးနယ်မြောက်ပိုင်းကို စစ်ကောင်စီတပ် သုံးရက်ဆက်စစ်ကြောင်းထိုး

ဇန်နဝါရီ ၁၈ ရက် နေ့နံနက်ပိုင်းက ရေဦးမြို့မှ မြောက်ဘက်ခြမ်းရွာများအား စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဗိုလ်ရုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

ချမ်းသာရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
ချမ်းသာရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

ဒေသခံပြည်သူနှစ်ဦး သတ်ဖြတ်ပြီး ကျေးရွာသုံးရွာမီးရှို့ဖျက်ဆီး၊ ဒေသခံ ပြည်သူထောင်ချီ ထွက်ပြေးနေရပြန်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က သုံးရက်ဆက်စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူ နှစ်ဦး သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇန်နဝါရီ ၁၈ ရက် နေ့နံနက်ပိုင်းက ရေဦးမြို့မှ မြောက်ဘက်ခြမ်းရွာများအား စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဗိုလ်ရုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယမန်နေ့(ဇန်နဝါရီ ၁၉ ရက်) နံနက်ပိုင်းတွင် အင်တောကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တူမောင်းရွာသို့ ဝင်ရောက်စဥ် ဒေသခံပြည်သူ နှစ်ဦးကို သတ်ဖြတ်ပြီး အမျိုးသား ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဆက်လက်စစ်ကြောင်းထိုးနေ၍ ရေဦးနယ်မြောက်ဘက်ခြမ်းရှိ ရွာသစ်၊နွားဘောင်၊ဖိန်းကား၊ ပန်းကုံး၊ ဗိုလ်ရုံ၊အုန်းတပေါင်း၊ ဆပ်သေ၊အင်တော၊ ပုဏ္ဏကား၊ တူမောင်း၊ ရွာသာယာ၊ ဝက်သဲ၊ မီးမောင်းကုန်း၊ ဖန်းခါးဇင်နှင့် ချောင်းရိုး စသည့် ရွာများအပါအဝင် (၁၅)ရွာထက်မနည်းထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ်စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယနေ့ (ဇန်နဝါရီ ၂၀ ရက်)နံနက်ပိုင်းတွင် ရွာထောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ရွာပုလဲမှ ကလေး နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မွန်းလွဲပိုင်း၌ တောင်ကုန်းရွာ၊မြင်းပေါက်ရွာများကို တပ်ဖြန့်ကာ စတင်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်ပြီး ဒုတိယအကြိမ်မြောက် စတင်တပ်ဖြန့်ဝင်ရောက်နေတယ်။ ရေဦးအနောက်ခြမ်းက စစ်ကြောင်းများနဲ့ မလွတ်ကင်းတဲ့ကျေးရွာတွေ ဘေးလွတ်ရာတိမ်းရှောင်ပေးထားကြပါ။”ဟု ရေဦးနယ်ကင်းထောက်တစ်ဦးက အသိပေးသည်။

မီးရှို့ဖျက်ဆီးခံထားရသည့် ကျေးရွာများအား ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေး၍ ပျက်စီး ဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၅ ရက်ကလည်း ရေဦးမြို့နယ် ၊ ချမ်းသာကျေးရွာ၌ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများအပါအဝင် နေအိမ်အဆောက်အအုံအများအပြားအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။