Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့နယ်တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ လိုက်လံရှင်းလင်း

ရေဦးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရွှေဘိုခရိုင်၊ တပ်ရင်း(၁၄) ရဲဘော် များက မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည့်သတင်းကို အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

(ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းရှင်းလင်းရေးဆောင်ရွက်နေစဉ်၊ ဓာတ်ပုံ - NUG)
(ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းရှင်းလင်းရေးဆောင်ရွက်နေစဉ်၊ ဓာတ်ပုံ - NUG)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က လိုက်လံရှင်းလင်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပြီး စစ်ကောင်းစီတပ်သည် ပြည်သူများအသွားအလာများသည့်် နေရာများ၌ မိုင်းများထောင်ထားခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၄) တပ်ရင်းမှူးက ပြောသည်။

ရေဦးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရွှေဘိုခရိုင်၊ တပ်ရင်း(၁၄) ရဲဘော် များက မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည့်သတင်းကို အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

“ပြည်သူတွေ သွားလာလှုပ်ရှားတဲ့နေရာတွေမှာ မိုင်းတွေ ထောင်ထားခဲ့တာ။ လက်ဖက်ရည်ဆိုင်တို့၊ ခေါက်ဆွဲဆိုင်တို့၊ ဆိုင်ကယ်ဝပ်လျှော့တို့မှာ ထောင်ခဲ့တာ။ပြည်သူတွေ ခြေမချရဲအောင် ကြောက်လန့်နေကြပြီ”ဟု ရွှေဘိုခရိုင်တပ်ရင်း(၁၄) တပ်ရင်းမှူးက People’s Spring သို့ ပြောသည်။

(ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းရှင်းလင်းရေးဆောင်ရွက်နေစဉ်၊ ဓာတ်ပုံ - NUG)
(ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းရှင်းလင်းရေးဆောင်ရွက်နေစဉ်၊ ဓာတ်ပုံ – NUG)

စစ်ကောင်စီတပ်သည် ရေဦးမြို့နယ် ကုန်းသာရွာကို ဇန်နဝါရီ ၁၅ရက်က စစ်ကြောင်းထိုးပြီးနောက် ရွာလမ်းနှင့် နေအိမ်များ၊ စျေးဆိုင်များအတွင်း နင်းမိုင်းများကို ထောင်ထားခဲ့ခြင်းဟု ရွှေဘိုခရိုင် တပ်ရင်း (၁၄)က ဆိုသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၆ရက်တွင် ကုန်းသာရွာထိပ်၌ စစ်ကောင်စီထောင်ခဲ့သည့် မိုင်းကြောင့် အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်တောက်ခဲ့ရသည်။

Public Service Announcement
Public Service Announcement

ယနေ့(ဇန်နဝါရီ ၁၈ရက်) နံနက်တွင် ကုန်းသာကျေးရွာထိပ် လက်ဖက်ရည်ဆိုင်အနောက်ဘက် တစ်နေရာ၌ ကလေးငယ်အချို့ ကစားနေစဥ် မိုင်း တစ်လုံးထပ်မံပေါက်ကွဲပြန်ရာ အသက် (၅)နှစ်အရွယ်ကလေးတစ်ဦး ထိခိုက်ခဲ့သည်။

” မိုင်းတွေက ပေ၂၀ပတ်လည်နားမှာ တစ်လုံးခြားထောင်ခဲ့တာ။ ကျွန်တော်တို့ တော်တော်လေး သတိထားကိုင်တွယ်နေရပါတယ်”ဟု ရွှေဘိုခရိုင်တပ်ရင်း (၁၄) တပ်ရင်းမှူးက ပြောသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် တော်လှန်ရေးအင်အားစုများကို ထိန်းချုပ်ရန် ဖြတ်လေးဖြတ်စနစ်ကို ဆက်လက်ကျင့်သုံးနေပြီး ၎င်းတို့ စစ်ကြောင်းထိုးဝင်ရောက်ရာဒေသများတွင် ဘာသာရေးအဆောက်အဦးများ အပါအဝင်ပြည် သူပိုင်နေအိမ်များကို မီးရှို့ဖျက်စီးခြင်း၊ လူသတ် ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ တိရိစ္ဆာန်များကို ခိုးယူစားသောက်ခြင်းတို့ကို ပြုလုပ်နေသည့် သူခိုးဓားမြသာသာအဖွဲ့အစည်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့