Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင် သက်ရှိထင်ရှား ရှိသေးရဲ့လားလို့ ယူကရိန်း သမ္မတ မေးခွန်းထုတ်

ဇီလန်စကီးဟာ ပူတင် သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ ပြောတာလား၊ ဒါမှမဟုတ် ပူတင်ဟာ ရုရှားရဲ့ အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသူ မဟုတ်တော့ဘူးလို့ ရည်ညွှန်းချင်တာလား ဆိုတာကတော့ သိပ်မသဲကွဲပါဘူး။ ဇီလန်စကီးဟာ အဲဒီမှတ်ချက်ကို စကားပြန်ကနေတဆင့် ပေးခဲ့တာပါ။

ပူတင် သက်ရှိထင်ရှား ရှိသေးရဲ့လားလို့ ယူကရိန်း သမ္မတ မေးခွန်းထုတ်
ပူတင် သက်ရှိထင်ရှား ရှိသေးရဲ့လားလို့ ယူကရိန်း သမ္မတ မေးခွန်းထုတ်

ရုရှား သမ္မတ ဗလာဒီမာပူတင် အမှန်တကယ် သက်ရှိထင်ရှား ရှိနေသေးရဲ့လား ဆိုတာတောင် မသေချာဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ သတင်းဌာနတွေက ရုရှား-ယူကရိန်း စစ်ပွဲအတွက် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖြစ်နိုင် မဖြစ်နိုင် မေးမြန်းကြတဲ့ အခါမှာ ဇီလန်စကီးက အဲဒီလို ဆွေးနွေးမှုမျိုးမှာ ရုရှားဖက်က ဘယ်သူ ဦးဆောင်မလဲ ဆိုတာကို သူနားမလည်ကြောင်း၊ ပြောရမယ်ဆိုရင် ပူတင်က လက်ရှိအချိန်ထိ အသက်ရှင်နေသေးလား ဆိုတာတောင် သေချာ မသိကြောင်း တုံ့ပြန်သွားပါတယ်။

မကြာသေးခင် ရက်ပိုင်းတွေအတွင်း သမ္မတ ပူတင်က လူမြင်ကွင်းရှေ့ လှုပ်ရှား သွားလာနေပုံတွေကို ကရင်မလင် နန်းတော်က ထုတ်ပြန်ခဲ့ပေမယ့် ဒါဟာ ရုရှားအစိုးရရဲ့ လှည့်စားမှုလည်း ဖြစ်ချင် ဖြစ်နေနိုင်တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။ အရင်ကတည်းက ပူတင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကောလာဟလတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ဖူးပြီး လက်ရှိ အချိန်မှာ လှုပ်ရှား သွားလာနေတာဟာ ပူတင်နဲ့ ရုပ်တူအောင် ခွဲစိတ် ပြုပြင်ထားတဲ့ ကိုယ်ပွားတွေသာ ဖြစ်ကြောင်း ထင်ကြေး သီအိုရီတွေလည်း ပျံ့နှံ့ခဲ့ဖူးပါတယ်။

ဇီလန်စကီးဟာ ပူတင် သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ ပြောတာလား၊ ဒါမှမဟုတ် ပူတင်ဟာ ရုရှားရဲ့ အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသူ မဟုတ်တော့ဘူးလို့ ရည်ညွှန်းချင်တာလား ဆိုတာကတော့ သိပ်မသဲကွဲပါဘူး။ ဇီလန်စကီးဟာ အဲဒီမှတ်ချက်ကို စကားပြန်ကနေတဆင့် ပေးခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက ယူကရိန်းဟာ ကျူးကျော်စစ်ပွဲ စမလာခင် ကတည်းက ရုရှားနဲ့ညှိဖို့ အစွမ်းကုန် ကြိုးစားခဲ့ဖူးပေမယ့် အလုပ်မဖြစ်ဘူးလို့လည်း ဆိုပါတယ်။ စေ့စပ်ဆွေးနွေးမှု တစ်ခုတည်းကို အားကိုးနေရုံနဲ့လည်း ငြိမ်းချမ်းရေးက အလိုလို ရမလာနိုင်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ ပူတင် သက်ရှိထင်ရှား ရှိသေးရဲ့လားဆိုတဲ့ စကားအတွက် ဇီလန်စကီးကို တုံ့ပြန် လှောင်ပြောင်သွားပါတယ်။ သမ္မတ ပူတင်နဲ့ ရုရှားတို့က ဇီလန်စကီးနဲ့ ယူကရိန်းအတွက် အကြီးအကျယ် ဒုက္ခရောက်စရာ အကြောင်းတရားတွေ ဖြစ်နေလို့ ဇီလန်စကီးက ရုရှား၊ ဒါမှမဟုတ် ပူတင် မရှိတော့ရင် ကောင်းမယ် ဆိုတာမျိုး စိတ်ကူးယဉ်နေတာ ဖြစ်နိုင်တယ်လို့ ပက်စ်ကော့ဗ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရုရှားကျူးကျော်စစ်ရဲ့ နာကျင်မှုနဲ့ ဒဏ်ရာများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook