Connect with us

Hi, what are you looking for?

ဗီဒီယို

Sinopharm ကိုဗစ်ကာကွယ်ဆေးက ကလေးတွေအတွက် သင့်တော်နိုင်တယ်လို့ ယူဆ

လတ်တလောမှာ Sinopharmရဲ့ဆေးကို အသက် ၁၈ နှစ်အထက် အရွယ်တွေမှာပဲ ထိုးနှံပေးနေပေမယ့် သီရိလင်္ကာ ဝန်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ခ်ဆာကတော့ အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား ဆယ်ကျော်သက် အရွယ်တွေမှာပါ မကြာခင် ထိုးနှံပေးသွားမယ်လို့ ပြောကြားထားပါတယ်။

Sinopharm ကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးဟာ ကလေးငယ်တွေမှာ ထိုးနှံပေးဖို့ အဆင်ပြေ သင့်လျော်နိုင်ကြောင်း သီရိလင်္ကာက ဗိုင်းရပ်စ်ဗေဒ ပညာရှင် တစ်ဦးက မှတ်ချက် ပေးခဲ့ပါတယ်။

ပရော်ဖက်ဆာ တစ်ဆာ ဗီတာရဏက Inactivated Virus နည်းပညာ အသုံးပြုထားတဲ့ ကာကွယ်ဆေးဟာ ကလေးတွေအတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး အမျိုးအစား တစ်ခု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ တရုတ် ကုမ္ပဏီ Sinopharmဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို စနစ်တကျ ဖျက်ဆီးပြီး ကာကွယ်ဆေးအဖြစ် အသုံးပြုတဲ့ နည်းပညာနဲ့ ဒီကာကွယ်ဆေးကို ထုတ်လုပ်ထားတာပါ။

လတ်တလောမှာ Sinopharmရဲ့ဆေးကို အသက် ၁၈ နှစ်အထက် အရွယ်တွေမှာပဲ ထိုးနှံပေးနေပေမယ့် သီရိလင်္ကာ ဝန်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ခ်ဆာကတော့ အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား ဆယ်ကျော်သက် အရွယ်တွေမှာပါ မကြာခင် ထိုးနှံပေးသွားမယ်လို့ ပြောကြားထားပါတယ်။

သီရိလင်္ကာ ဆေးပညာ အသိုက်အဝန်းမှာ လေးစားခံရသူ တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာ ဗီတာရဏက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ကာကွယ်ဆေး ထိုးဖို့ဆိုရင် ကဏ္ဍအလိုက် အစုအဖွဲ့တွေ ခွဲထားပြီး အချက်အလက်တွေ စုဆောင်းယူဖို့ လိုအပ်ကြောင်း ပြောပါတယ်။ သူ့ရဲ့ အမြင်ဟာ သိပ္ပံနည်းကျ လေ့လာမှုတွေအပေါ် အခြေခံထားတာဖြစ်ပြီး Sinopharmက ကလေးတွေအတွက် အသင့်တော်ဆုံး ဆေးတစ်လက် ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း လန်ဒန်တက္ကသိုလ် ဘွဲ့ရ တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာ ဗီတာရဏက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သီရိလင်္ကာဟာ နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးပေးပြီးသား ဖြစ်ပါတယ်။ သီရိလင်္ကာမှာ အသုံးပြုနေတဲ့ ကာကွယ်ဆေး အများစုကို တရုတ်ကနေ မှာယူထားတာလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။