Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းတွင် မိုင်းရှင်းထွက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

အဆိုပါ စစ်ဆင်ရေးကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ သရဲနီအဖွဲ့၊ စွန်ရဲ၊ 3D အဖွဲ့အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Zero ပြောက်ကျားတပ်ဖွဲ့ဝင်များနှင့် မုံရွာ - မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် တွေ့ရဥ်၊ ဓာတ်ပုံ - Cj
Zero ပြောက်ကျားတပ်ဖွဲ့ဝင်များနှင့် မုံရွာ - မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် တွေ့ရဥ်၊ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှင်းထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၅ ရက်) နံနက်ပိုင်းက တပ်မ (၃၃)မှ စစ်ကောင်စီတပ်သည် မုံရွာ – မန္တ​​လေးလမ်းပေါ်၌ နတ်ခရိုင်နှင့်လယ်ကြီးကြားရှိ ထောင်ထားသည့် မိုင်းများအား ရှင်းလင်းနေစဉ် မိုင်းဆွဲတိုင်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၏ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ညောင်ပင်ဝန်းစခန်းသို့ ပြန်လည် စုဝေးသွားပြီးနောက် ညနေ၅ နာရီ ၄၅ မိနစ်ခန််တွင် နောက်တစ်ကြိမ် ထွက်လာစဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုသက်ကြီးက ပြောသည်။

Zero ပြောက်ကျားတပ်ဖွဲ့ဝင်များနှင့် မုံရွာ - မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် တွေ့ရဥ်၊ ဓာတ်ပုံ - Cj
Zero ပြောက်ကျားတပ်ဖွဲ့ဝင်များနှင့် မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် တွေ့ရဥ်၊ ဓာတ်ပုံ – Cj

“မိုင်းရှင်းတဲ့ကောင်တွေက ညောင်ပင်ဝန်းစခန်းထဲမှာ ပြန်စုရပ်လုပ်ပြီးတော့ ပြန်ထွက်လာတဲ့အချိန်မှာပဲ နတ်ခရိုင်နဲ့လယ်ကြီးကြားမှာပဲ မိုင်းမရှိတော့တဲ့အတွက် လက်ကျန်မိုင်းတွေပြန်စုလိုက်တယ်။ စုလိုက်တဲ့အချိန်မှာ ၇လုံးရပါတယ်။ စကစတွေအပြန်မှာ လျှပ်တပြတ်ပြန်ခွဲခဲ့တာကားကိုထိထိမိမိမိုင်းဆွဲနိုင်ခဲ့တယ်။”ဟု ကိုသက်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် နတ်ခရိုင်အကျော်တွင် သေဆုံးသွားသည့် အလောင်းနှစ်လောင်းကို လူနာတင်ကားဖြင့် တင်သွားသည်ဟု မျက်မြင်သက်သေများထံက သိရကြောင်း ၎င်းက အeသိပေးထားသည်။

အဆိုပါ စစ်ဆင်ရေးကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ သရဲနီအဖွဲ့၊ စွန်ရဲ၊ 3D အဖွဲ့အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ယခုရက်ပိုင်းအတွင်း မုံရွာ – မန္တလေးလမ်းပိုင်း၌ စစ်ဆင်ရေးများဆောင်ရွက်မည်ဖြစ်၍ မလိုအပ်ဘဲသွားလာခြင်း၊ စစ်ကောင်စီယာဥ်များနှင့်ကပ်လိုက်ခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအဖွဲ့များက တားမြစ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။