Connect with us

Hi, what are you looking for?

သတင်း

ပုဂံ ဘုရားအချို့က ကြေးခေါင်းလောင်းတွေခိုးခံရ

ကြေးခေါင်းလောင်းတွေခိုးခံရတဲ့ စေတီတွေဟာ မင်းအိုချမ်းသာ၊ ရှင်ပင်ပွင့်လင်း ၊ ရွှေချမ်းသာ (ခ) ဆုတောင်းပြည့် ၊သာယာဝတေး စေတီတွေပဲဖြစ်ပါတယ်။

ပုဂံ ဘုရားအချို့က ကြေးခေါင်းလောင်းတွေခိုးခံရ
ပုဂံ ဘုရားအချို့က ကြေးခေါင်းလောင်းတွေခိုးခံရ

ပုဂံ ဒေသမှာရှိတဲ့ စေတီလေးဆူ က ကြေးခေါင်းလောင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ခိုးယူခံလိုက်ရတယ်လို့ဒေသခံတွေနဲ့ ဧည့်လမ်းညွှန်တွေထံက စုံစမ်းသိရပါတယ်။

ကြေးခေါင်းလောင်းတွေခိုးခံရတဲ့ စေတီတွေဟာ မင်းအိုချမ်းသာ၊ ရှင်ပင်ပွင့်လင်း ၊ ရွှေချမ်းသာ (ခ) ဆုတောင်းပြည့် ၊သာယာဝတေး စေတီတွေပဲဖြစ်ပါတယ်။

ပုဂံ ဘုရားအချို့က ကြေးခေါင်းလောင်းတွေခိုးခံရ
ပုဂံ ဘုရားအချို့က ကြေးခေါင်းလောင်းတွေခိုးခံရ

ဇန်နဝါရီလ ၂၄ ရက်ညပိုင်းကစတင်ပြီး ကြေးခေါင်းလောင်း သုံးလုံးထက်မနည်း ခိုးခံရတာ ဖြစ်ပြီး အဲဒီခေါင်းလောင်းတွေဟာ ရှေးဟောင်းပစ္စည်း ဟုတ် ၊မဟုတ် သီးခြားအတည်ပြုလို့မရသေးပါဘူး။

“အရင်က ဘုရားတွေမှာအစောင့်တွေရှိတယ် ၊အခုက ပုဂံမှာလည်းဖြစ်ချင်သလိုဖြစ်နေတော့ သူခိုးတွေထကြွတာပေါ့လေ” လို့ ပုဂံဒေသခံတစ်ဦး ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် ပုဂံဒေသမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဘုရားအမှတ် ၄၁၈ နဲ့ ၇၁၆ က ရှေးဟောင်းလက်ရာတွေ ခိုးယူခံရပေမယ့် ပြန်လည်ဖမ်းမိတယ်လို့စစ်အုပ်စုက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

သတင်း

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ဖေဖော်ဝါရီ-၂၈၊ ၂၀၂၆ ​​ဇေအောင်/People’s Spring ပုဂံ၊ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ စစ်ကောင်စီလှည့်ကင်းကား ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက် ၇နာရီခွဲဝန်းကျင်မှာ ပုဂံ၊ညောင်ဦးမြို့အခြေစိုက် ခလရ (၄၁၅)တပ်ရင်းက ထွက်လာတဲ့...

သတင်း

မန္တလေးတိုင်း၊ပုဂံဒေသကိုလာရောက်လည်ပတ်တဲ့ရှေ့နေအမျိုးသားတစ်ဦးအပါအဝင်လေးဦးဟာရက်သတ္တပတ်နှစ်ပတ်နီးပါးကြာအဆက် အသွယ်ပြတ်တောက် ပျောက်ဆုံးနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။