Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ် ရွှေဘို-မန္တလေးကားလမ်းအနောက်ခြမ်းမှ ကျေးရွာများကို စစ်ကောင်စီတပ်အကြမ်းဖက်၍ဒေသခံများထွက်ပြေးနေရ

(အခင်းဖြစ်ပွားရာ ဝက်လက်နယ်လမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ဓါတ်ပုံ-Cj)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ရွှေဘို-မန္တလေးလမ်းမကြီး၏ အနောက်ဘက်ခြမ်းကျေးရွာများတွင် အာဏာသိမ်စစ်ကောင်စီတပ်များ ဝင်ရောက်အကြမ်းဖက်ပစ်ခတ်နေ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်မြို့နယ် မုံရွာ-အရာတော်-ရွှေဘိုကားလမ်းပေါ်ရှိရွှေပန်းကုံးစံပြကျေးရွာတွင် စက်တင်ဘာလ ၉ ရက်နေ့နံနက်ပိုင်းက ရွှေပန်းကုံးနယ်မြေရဲစခန်း တိုက်ခိုက်ခံခဲ့ရရာ ရဲနှစ်ဦးသေဆုံးခဲ့ပြီးနောက် အဆိုပါကျေးရွာအနီးတဝိုက် ဒေသများအားစစ်ကောင်စီတပ်က အကြမ်းဖက်ဖိနှိပ်နေခြင်းဖြစ်ကြောင်း ဝက်လက်ဒေသခံများက ပြောသည်။

(အခင်းဖြစ်ပွားရာ ဝက်လက်နယ်လမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ဓါတ်ပုံ-Cj)

ယမန်နေ့ (စက်တင်ဘာလ ၁၁)က ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွှာ၊ရွှာသာကြီးကျေးရွှာနှင့် ရွှာသာကြီး-သမရိုး လမ်းအနီးနားဝန်းကျင်၊ ဝက်လက် အနောက်ခြမ်းဒေသများတွင် စစ်ကောင်စီတပ်များသည်။

နေအိမ်များအား အကြောင်းမဲ့ တစ်အိမ်ဆင်းတစ်အိမ်တတ် ဝင်ရောက်ရှာဖွေခြင်း၊ လမ်းတွင်တွေ့သော လူငယ်များအား ဖုန်းများစစ်ဆေးပြီး ဖုန်းအချို့အား သိမ်းယူခြင်း၊ ဈေးဆိုင်များတွင်ရှိသော ပစ္စည်းများအားသေနက်ဖြင့် ချိန်းခြောက်ကာ လုယူခြင်း၊ အပြစ်မဲ့ပြည်သူများအားဖမ်းဆီးကာ ပိုက်ဆံဖြင့် မိသားစုဝင်များအားလာရွေးခိုင်းခြင်း၊နေအိမ်တွင်ရှိသောပြည်သူများ၏ ကားများ၊ဆိုင်ကယ်များအား လက်နက်အားကိုးဖြင့် ချိန်းခြောက်ကာ လုယူခြင်း၊ ရွှာသူ၊ရွှာသားများအားကြောက် လန့်စေရန်အကြောင်းမဲ့ သေနက်ပစ်ဖောက်ခြင်းများ မကြာခဏ ပြု‌လုပ်နေသောကြောင့် ဒေသခံ နှစ်ထောင်ကျော် ကြောက်လန့်ပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၁၀ ရက်ကလည်း ဝက်လက်မြို့နယ် မင်းကုန်းကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ဖိုးခိုင်ဆိုသူအား ပစ်သတ်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးသမားများက အသိပေးခဲ့သည်။

ဝက်လက်နယ်ရှိ မင်းကုန်းရွာနှင့် သရိုင်ရွာကြား Mytel တာဝါတိုင်အနီးဘုန်းကြီးကျောင်းထဲတွင်လည်း လာရောက်တပ်ဆွဲထားကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။