Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို လက်နက်ထောက်ပံ့ရင်း လက်နက်ပြိုင်ဆိုင်မှုကြီး ဖြစ်လာမှာကို ဂျာမနီ အစိုးရ စိုးရိမ်

လောလောဆယ်မှာတော့ အမေရိကန်ကလည်း ယူကရိန်းအတွက် M1 Abrams တင့်ကား ၃၁ စီး ပံ့ပိုးပေးဖို့ ကတိပြုထားပေမယ့် တိုက်လေယာဉ်တွေ ပို့ဆောင်မယ့် အလားအလာတော့ မရှိသေးပါဘူး။

ယူကရိန်းကို လက်နက်ထောက်ပံ့ရင်း လက်နက်ပြိုင်ဆိုင်မှုကြီး ဖြစ်လာမှာကို ဂျာမနီ အစိုးရ စိုးရိမ်
ယူကရိန်းကို လက်နက်ထောက်ပံ့ရင်း လက်နက်ပြိုင်ဆိုင်မှုကြီး ဖြစ်လာမှာကို ဂျာမနီ အစိုးရ စိုးရိမ်

ယူကရိန်း စစ်ပွဲအတွက် အဆင့်မြင့် လက်နက်တွေ ထောက်ပံ့ တပ်ဆင်ပေးနေခြင်းက လက်နက် ပြိုင်ဆိုင်မှုကြီးတစ်ခုဆီ ဦးတည်သွားစေနိုင်ကြောင်း ဂျာမနီ အစိုးရ အကြီးအကဲက သတိပေး ပြောကြားလိုက်ပါတယ်။

ဂျာမန် အဓိပတိ အိုလက်ဖ်ရှော့ဇ်က အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေက လက်ရှိနှုန်းအတိုင်း ယူကရိန်းကို အဆင့်မြင့် စစ်လက်နက်တွေ တရစပ် တပ်ဆင်ပေးနေရင် ရုရှားနဲ့ စစ်လက်နက် ပြိုင်ဆိုင်မှုတွေ အရမ်း ပြင်းထန်လာလိမ့်မယ်လို့ ဆိုပါတယ်။ ရှော့ဇ်ဟာ ဂျာမနီလုပ် Leopard 2 တိုက်ပွဲဝင် တင့်ကား ၁၄ စီးကို ယူကရိန်းဆီ ထောက်ပံ့ပေးဖို့ သဘောတူထားပေမယ့် ယူကရိန်းက ထပ်မံ တောင်းဆိုနေတဲ့ တိုက်လေယာဉ်တွေနဲ့ ဒုံးကျည်တွေ ဖြည့်တင်းပေးဖို့ကိုတော့ ငြင်းဆန်ထားပါတယ်။

သူက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး အနေနဲ့ တိုက်လေယာဉ်တွေ တောင်းဆိုနေပေမယ့် ဂျာမနီကတော့ ယူကရိန်းကို အဲဒီ စစ်လက်နက်မျိုးတွေ အဆင့်ထိ တပ်ဆင်ပေးမှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောပါတယ်။ ယူကရိန်းကို အမေရိကန်က တိုက်လေယာဉ်တွေ ပေးပို့မလား ဆိုတာမျိုးက မေးခွန်း ထုတ်နေဖို့တောင် မသင့်ဘူးလို့ ရှော့ဇ်က ဆိုပါတယ်။

ဂျာမနီဟာ ယူကရိန်းဆီ တင့်ကားတွေ ပို့ဆောင်တဲ့ ကိစ္စကိုတောင် အင်တင်တင်နဲ့ လိုက်လျောခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီ အစိုးရဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းကို တိုက်ခိုက်ရေး စံနှုန်းနဲ့ အကျုံးဝင်မယ့် စစ်လက်နက်တွေ မထောက်ပံ့ဘူးဆိုတဲ့ မူဝါဒကို ကိုင်ဆွဲထားလိုတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာတော့ အမေရိကန်ကလည်း ယူကရိန်းအတွက် M1 Abrams တင့်ကား ၃၁ စီး ပံ့ပိုးပေးဖို့ ကတိပြုထားပေမယ့် တိုက်လေယာဉ်တွေ ပို့ဆောင်မယ့် အလားအလာတော့ မရှိသေးပါဘူး။

ယူကရိန်းကို ဗဟိုပြုပြီး ရုရှားနဲ့ အနောက်နိုင်ငံတွေကြား လက်နက် ပြိုင်ဆိုင်မှုတွေ အရှိန်မြင့်လာမှာကို ရှော့ဇ်က စိုးရိမ်နေပေမယ့် ယူကရိန်း သမ္မတ ဇီလန်စကီးကတော့ စစ်ပွဲမှာ ကျူးကျော်သူ ရုရှားကို အမှန်တကယ် ဦးချိုးဖို့ဆိုရင် အနောက်နိုင်ငံတွေဆီက ခေတ်မီ စစ်လက်နက်တွေ မြန်မြန်ဆန်ဆန်နဲ့ များများစားစား ထပ်မံ လိုအပ်လိမ့်မယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရုရှားကျူးကျော်စစ်ရဲ့ နာကျင်မှုနဲ့ ဒဏ်ရာများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook