Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ်တွင် မီးပတ်ရှို့နေသော စစ်ကောင်စီတပ်ကို တိုက်မိုင်း၃လုံးဖြင့်တိုက်ခိုက်

စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးစု မီးရှို့ပြီး ရေဦးမြို့ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ညောင်ပင်ကြီးစု အိမ်ခြေ ၂၀၀ကျော် မီးလောင်ပြာကျခဲ့ပြီး ပြည်သူများအတွက်အဝတ်အစားနှင့် စောင်များလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ်တွင် မီးပတ်ရှို့နေသော စစ်ကောင်စီတပ်ကို တိုက်မိုင်း၃လုံးဖြင့်တိုက်ခိုက်
ခင်ဦးမြို့နယ်တွင် မီးပတ်ရှို့နေသော စစ်ကောင်စီတပ်ကို တိုက်မိုင်း၃လုံးဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မီးပတ်ရှို့နေသော စစ်ကောင်စီတပ်ကို တိုက်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာများရှိကြောင်း FIRE Dragon(KU)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၃၀ရက် နံနက် ၇နာရီခွဲခန့်က ခင်ဦးမြို့နယ်၊ ဗျိုင်းကြိုင်ကျေးရွာတွင် ညအိပ်ခဲ့သောစစ်ကောင်စီတပ်သ​ည် ရုံးစုကျေးရွာ မီးရှို့၍ ညောင်ပင်ကြီးစုရွာအား လယ်ကြားလမ်းအတိုင်းထွတ်လာချိန်တွင် တိုက်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း FIRE Dragon(KU)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာအများအပြားရရှိသွားသည်ဟု ၎င်းတာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

“အင်အားတစ်ရာကျော်ပါတဲ့ ခြေလျင်စစ်ကြောင်းပါ။ ရုံးစုရွာကနေထွက်လာပြီး လယ်ကြားလမ်းမှာ ကျွန်တော်တို့အဖွဲ့တိုက်မိုင်းသုံးလုံးထောင်ထားတာမိပါတယ်။ ညောင်ပင်ကြီးစုကထိတဲ့မိုင်းမို့ ညောင်ပင်ကြီးစုမှာတင် ဆေးကုသတာတွေ လုပ်သွားတယ်။”ဟု FIRE Dragon(KU) အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးစု မီးရှို့ပြီး ရေဦးမြို့ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ညောင်ပင်ကြီးစု အိမ်ခြေ ၂၀၀ကျော် မီးလောင်ပြာကျခဲ့ပြီး ပြည်သူများအတွက်အဝတ်အစားနှင့် စောင်များလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။