Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် စပါးလာသယ်သော စစ်အုပ်စုအား နှစ်ရက်ဆက် တို​က်ခို​က်

ခင်ဦးနယ်တွင် ဇန်နဝါရီလလယ်ပိုင်း၌ စစ်ကောင် စီတပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရသည်။

စပါးလာသယ်သော စစ်ကောင်စီယာဥ်များအား ဒရုန်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ-နရပတိ
စပါးလာသယ်သော စစ်ကောင်စီယာဥ်များအား ဒရုန်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ-နရပတိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စပါးလာသယ်သော စစ်ကောင်စီယာဥ်နှင့် ကင်းပုန်းများအား နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း နရပတိဒေသခံကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၆ ရက်က ခင်ဦးမြို့နယ်မြောက်ခြမ်းရှိ ပျူစောထီးကြီးစိုးရာ မဒေါင်းလှကျေးရွာသို့ ဇီးကုန်းမှ ကားကြီး ငါးစီးဖြင့် မူးဘောင်တစ်လျှာက် ကင်းပုန်းများချထားပြီး စပါးလာသယ်မည်ဟုသိရ၍ ကင်းပုန်းချထားသောနေရာများအား ဒရုန်းဖြင့်ကင်းထောက်ခြင်း၊ ဗုံးသီးချတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း နရပတိဒေသခံကာကွယ်ရေးအဖွဲ့က အသိပေးသည်။

နံနက် ၁၁နာရီခန့်တွင် ကား ငါးစီးဖြင့် စပါးအပြည့်တင်ဆောင်လာပြီး မဒေါင်းလှရွာမှ ပြန်ထွက်လာရာ လမ်းကြောတစ်နေရာအရောက်တွင် ကာကွယ်ရေးအဖွဲ့များနှင့် မိနစ်၃၀ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အထိအခိုက်မသိရသေးကြောင်း နရပတိဒေသခံကာကွယ်ရေးအဖွဲ့က ဆိုသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၇ ရက်)ကလည်း မဒေါင်းလှရွာသို့ စပါးများ ထပ်မံလာသယ်ဆောင်သော စစ်ကောင်စီ၏ ကား နှစ်စီးအား မူးဘောင်တစ် လျှောက် တွင် လုံခြုံရေးစောင့်ပေးနေသော စစ်ကောင်စီတပ်များကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း နရပတိဒေသခံကာကွယ်ရေးအဖွဲ့က ထပ်မံသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်နေစဥ် ဒရုန်းမှာ စစ်ကောင်စီတ​ပ်၏ ဂျန်ပါမိ၍ အဆက်အသွယ်ပြတ်တောက်ပြီး ပျက်စီး ဆုံးရှုံးခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ဆင်ရေးများကို နရပတိအဖွဲ့ နှင့် Royal Tiger အဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဥ်နှင့်ပတ်သက်၍ နရပတိဒေသခံကာကွယ် ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ခင်ဦးနယ်တွင် ဇန်နဝါရီလလယ်ပိုင်း၌ စစ်ကောင် စီတပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်အုပ်စုရဲ့ အိမ်စီးကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ BRAVE HEART ARMY-BHAရဲ့တာဝန်ရှိသူက​ပြောပါတယ် ။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှု မှတ်တမ်းများစွာ ရှိပြီး အဆိုပါ အကြမ်းဖက်မှုများအတွက် တနေ့ ပြန်လည်တာဝန်ခံရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားသည်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယား ပစ်မှတ်တွေကို စတင်တိုက်ခိုက်ပြီလို့ အစ္စရေးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အီရန်ရဲ့ မြို့တော် တဟီရန် အပါအဝင် နိုင်ငံအနှံ့မှာ ပေါက်ကွဲသံတွေ ဆူဆူညံညံ ကြားနေခဲ့ရပါတယ်။