Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် စပါးလာသယ်သော စစ်အုပ်စုအား နှစ်ရက်ဆက် တို​က်ခို​က်

ခင်ဦးနယ်တွင် ဇန်နဝါရီလလယ်ပိုင်း၌ စစ်ကောင် စီတပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရသည်။

စပါးလာသယ်သော စစ်ကောင်စီယာဥ်များအား ဒရုန်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ-နရပတိ
စပါးလာသယ်သော စစ်ကောင်စီယာဥ်များအား ဒရုန်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ-နရပတိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စပါးလာသယ်သော စစ်ကောင်စီယာဥ်နှင့် ကင်းပုန်းများအား နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း နရပတိဒေသခံကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၆ ရက်က ခင်ဦးမြို့နယ်မြောက်ခြမ်းရှိ ပျူစောထီးကြီးစိုးရာ မဒေါင်းလှကျေးရွာသို့ ဇီးကုန်းမှ ကားကြီး ငါးစီးဖြင့် မူးဘောင်တစ်လျှာက် ကင်းပုန်းများချထားပြီး စပါးလာသယ်မည်ဟုသိရ၍ ကင်းပုန်းချထားသောနေရာများအား ဒရုန်းဖြင့်ကင်းထောက်ခြင်း၊ ဗုံးသီးချတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း နရပတိဒေသခံကာကွယ်ရေးအဖွဲ့က အသိပေးသည်။

နံနက် ၁၁နာရီခန့်တွင် ကား ငါးစီးဖြင့် စပါးအပြည့်တင်ဆောင်လာပြီး မဒေါင်းလှရွာမှ ပြန်ထွက်လာရာ လမ်းကြောတစ်နေရာအရောက်တွင် ကာကွယ်ရေးအဖွဲ့များနှင့် မိနစ်၃၀ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အထိအခိုက်မသိရသေးကြောင်း နရပတိဒေသခံကာကွယ်ရေးအဖွဲ့က ဆိုသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၇ ရက်)ကလည်း မဒေါင်းလှရွာသို့ စပါးများ ထပ်မံလာသယ်ဆောင်သော စစ်ကောင်စီ၏ ကား နှစ်စီးအား မူးဘောင်တစ် လျှောက် တွင် လုံခြုံရေးစောင့်ပေးနေသော စစ်ကောင်စီတပ်များကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း နရပတိဒေသခံကာကွယ်ရေးအဖွဲ့က ထပ်မံသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်နေစဥ် ဒရုန်းမှာ စစ်ကောင်စီတ​ပ်၏ ဂျန်ပါမိ၍ အဆက်အသွယ်ပြတ်တောက်ပြီး ပျက်စီး ဆုံးရှုံးခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ဆင်ရေးများကို နရပတိအဖွဲ့ နှင့် Royal Tiger အဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဥ်နှင့်ပတ်သက်၍ နရပတိဒေသခံကာကွယ် ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ခင်ဦးနယ်တွင် ဇန်နဝါရီလလယ်ပိုင်း၌ စစ်ကောင် စီတပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook