Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့် စစ်တပ်ဂိတ်ကိုKIA နှင့်PDFတိုက်ခိုက်

မြတောင်စစ်ဆေးရေးဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၂ရက်) နံနက် ၄နာရီခန့်တွင် KIA နှင့် PDF ပူပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ထီးချိုင့် PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-HPDF)
(ထီးချိုင့် PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-HPDF)

▪︎စစ်သား ၃ ဦး​သေပြီး စစ်သုံ့ပန်း ၁ ဦးဖမ်းမိကာ လက်နက် ၄ လက်ရရှိ

ထီးချိုင့်မြို့၊ မြတောင်လမ်းဆုံမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KIA နှင့် PDF ပူပေါင်းတပ်ဖွဲ့က ယနေ့နံနက်အစောပိုင်း တွင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီးစစ်သုံ့ပန်းတစ်ဦးဖမ်းဆီးနိုင်ကာ သေနတ်(၄)လက်သိမ်းဆည်းခဲ့ကြောင်းသတင်းရရှိသည်။

မြတောင်စစ်ဆေးရေးဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၂ရက်) နံနက် ၄နာရီခန့်တွင် KIA နှင့် PDF ပူပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“မနက် ၄ နာရီမှာ ဝင်တိုက်တာ။စစ်ကောင်စီဖက်ကတစ်ဦးအရှင်ရတယ်။သုံးယောက်သေတယ်။ သေနတ်(၄)လက်သိမ်းခဲ့တယ်။ စစ်ကောင်စီက ဧရာဝတီတံတားပေါ်ကနေ လက်နက်ကြီးနဲ့လှမ်းပစ်လို့ မြတောင်လမ်းဆုံနားမှာနေတဲ့ ဒေသခံတစ်ယောက်နဲ့ နွားတစ်ကောင် သေဆုံးခဲ့ပါတယ်”ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

မြတောင်လမ်းဆုံသည် ထီးချိုင့်မြို့နှင့် ဧရာဝတီမြစ်ခြားတွင်ရှိ​သော ဂိတ်ဖြစ်သည်။ KIA နှင့် PDF ပူပေါင်းအဖွဲ့က ထီးချိုင့်မြို့နားအထိတက်၍ စစ်ကောင်စီတပ်ကိုတိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ယခုအခါ အင်အား၁၀၀ ကျော်ပါသောစစ်ကောင်စီတပ်စစ်ကြောင်းကြောင်းသည်ထီးချိုင့်မြို့ သရက်ချောင်းကျေးရွာအနောက်ဘက်တွင် ရောက်ရှိ​နေ၍ ဒေသခံပြည်သူများသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။