Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့် စစ်တပ်ဂိတ်ကိုKIA နှင့်PDFတိုက်ခိုက်

မြတောင်စစ်ဆေးရေးဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၂ရက်) နံနက် ၄နာရီခန့်တွင် KIA နှင့် PDF ပူပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ထီးချိုင့် PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-HPDF)
(ထီးချိုင့် PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-HPDF)

▪︎စစ်သား ၃ ဦး​သေပြီး စစ်သုံ့ပန်း ၁ ဦးဖမ်းမိကာ လက်နက် ၄ လက်ရရှိ

ထီးချိုင့်မြို့၊ မြတောင်လမ်းဆုံမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KIA နှင့် PDF ပူပေါင်းတပ်ဖွဲ့က ယနေ့နံနက်အစောပိုင်း တွင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီးစစ်သုံ့ပန်းတစ်ဦးဖမ်းဆီးနိုင်ကာ သေနတ်(၄)လက်သိမ်းဆည်းခဲ့ကြောင်းသတင်းရရှိသည်။

မြတောင်စစ်ဆေးရေးဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၂ရက်) နံနက် ၄နာရီခန့်တွင် KIA နှင့် PDF ပူပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“မနက် ၄ နာရီမှာ ဝင်တိုက်တာ။စစ်ကောင်စီဖက်ကတစ်ဦးအရှင်ရတယ်။သုံးယောက်သေတယ်။ သေနတ်(၄)လက်သိမ်းခဲ့တယ်။ စစ်ကောင်စီက ဧရာဝတီတံတားပေါ်ကနေ လက်နက်ကြီးနဲ့လှမ်းပစ်လို့ မြတောင်လမ်းဆုံနားမှာနေတဲ့ ဒေသခံတစ်ယောက်နဲ့ နွားတစ်ကောင် သေဆုံးခဲ့ပါတယ်”ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

မြတောင်လမ်းဆုံသည် ထီးချိုင့်မြို့နှင့် ဧရာဝတီမြစ်ခြားတွင်ရှိ​သော ဂိတ်ဖြစ်သည်။ KIA နှင့် PDF ပူပေါင်းအဖွဲ့က ထီးချိုင့်မြို့နားအထိတက်၍ စစ်ကောင်စီတပ်ကိုတိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ယခုအခါ အင်အား၁၀၀ ကျော်ပါသောစစ်ကောင်စီတပ်စစ်ကြောင်းကြောင်းသည်ထီးချိုင့်မြို့ သရက်ချောင်းကျေးရွာအနောက်ဘက်တွင် ရောက်ရှိ​နေ၍ ဒေသခံပြည်သူများသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။