Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်ဘက်စစ်ကူလာသည့် စစ်ကောင်စီတပ်ယာဉ်နှစ်စီး တိုက်ခိုက်ခံရ ၊ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

မိုင်း​ဖြင့် နှစ်ကြိမ်ခိုက်သော်လည်း စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခက်ဖြစ်မရှိဘဲ ဒုတိယအကြိမ်တွင် ပျက်ဆီးသွားသော ကားပေါ်မှ အချိန်အတော်အတန်ကြာမှသာ ဆင်းလာခဲ့ပြီး တကောင်း(ပ.က.ဖ)မှ မိုင်းသမားများအား လိုက်လံရှာဖွေနေခဲ့ကြောင်း ယင်းတပ်ဖွဲ့က ပြောသည်။

(စစ်ကောင်စီတပ်အားတိုက်ခိုက်ရာတွင်အသုံးပြုမည့် လက်လုပ်မိုင်းများထုတ်လုပ်နေသည့် တကောင်း (ပ.က.ဖ)ရဲဘော်များ အားတွေ့ရစဥ်)
(စစ်ကောင်စီတပ်အားတိုက်ခိုက်ရာတွင်အသုံးပြုမည့် လက်လုပ်မိုင်းများထုတ်လုပ်နေသည့် တကောင်း (ပ.က.ဖ)ရဲဘော်များ အားတွေ့ရစဥ်)

ထီးချိုင့်မြို့နယ်သို့ စစ်ကူသွားရောက်ရန် ဖောကားနှစ်စီးဖြင့်လာသည့် စစ်ကောင်စီတပ်ကို လမ်းတစ်နေရာတွင် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တကောင်းက ပြော သည်။

ထီးချိုင့်မြို့နယ် မြတောင်လမ်းဆုံဂိတ်အား နယ်မြေခံ ပကဖများနှင့် ကသာခရိုင်တပ်ရင်း (၃)တို့ ဝင်ရောက် ပစ်ခတ်ပြီး ထိတွေ့မှုရှိ၍ စစ်ကောင်စီမှ စစ်ကူလိုသောကြောင့် သပိတ်ကျင်းမြို့နယ် (၇)မိုင်တပ်မှ အင်အားအပြည့်ပါ‌ ဖောကားနှစ်စီးဖြင့်လာသော စစ်ကောင်စီတပ်ကို တ ကောင်း(ပ.က.ဖ)မှ သပိတ်ကျင်းမြို့နယ် (ပ.က.ဖ)၊ TBK တောဆင်ရိုင်းအဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်မှုကို တကောင်းမြို့ ကျွဲကူးကန်အနီးတွင် ရှေ့ထွက်မိုင်းနှစ်လုံး၊ ပဒေသာမိုင်းတစ်လုံးဖြင့် ယနေ့(ဖေဖော်ဝါရီ ၂)နေ့လယ် ၁ နာရီခွဲခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ပြင်းထန်သည့်ထိရောက်မှုမရှိဘဲ ကျည်ဆံများသာ ကားအတွင်းသို့ ‌ကျရောက်၍ စစ်ကောင်စီတပ်သား ငါးဦးခန့် ထိခိုက်ဒဏ်ရာရသွားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“တစ်ကယ်တော့ မိုင်းက ၇ လုံးဗျ။ ၄ လုံးကမကွဲတာ။ ကွဲတဲ့ ၃ လုံးကလည်း နည်းနည်းလေးနောက်ကျသွားတယ်။ နောက်ထပ်နှစ်ကြိမ်မှာတော့ ဒီကောင်တွေ ထိခိုက်သေ ဆုံးရှိနိုင်ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တ ကောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပထမမိုင်းပွိုင့်တွင် အနည်းငယ်ထိခိုက်မှုရှိပြီးနောက် ဖောကားနှစ်စီးအား ဆက်မောင်းသွားရာ တောင်တလုံးနှင့် အင်ပျံကေိးရွာကြားတွင် ရှေ့ထွက်မိုင်းနှစ်လုံး၊ ပဒေသာမိုင်းတစ်လုံးဖြင့် နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် ဖောက်ခွဲတိုက်ခိုက်ရာ ကားတစ်စီးအား ပြင်းထန်စွာထိမှန်ပြီး ကားလမ်းပေါ်တွင် ၂ပတ်လည်ထွက်ကာ ကားမောင်းမရတော့ဟု ဆိုသည်။

မိုင်း​ဖြင့် နှစ်ကြိမ်ခိုက်သော်လည်း စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခက်ဖြစ်မရှိဘဲ ဒုတိယအကြိမ်တွင် ပျက်ဆီးသွားသော ကားပေါ်မှ အချိန်အတော်အတန်ကြာမှသာ ဆင်းလာခဲ့ပြီး တကောင်း(ပ.က.ဖ)မှ မိုင်းသမားများအား လိုက်လံရှာဖွေနေခဲ့ကြောင်း ယင်းတပ်ဖွဲ့က ပြောသည်။

ထိုသို့ စစ်ကူလာသော ကားနှစ်စီး မိုင်းဆွဲတိုက်ခံရမှုမဖြစ်စေရန် ခွေးဘီးလူးကားဖြင့် စစ်ကောင်စီတပ်သား ၁၅ဦးခန့်လိုက်ပါ၍ သဖန်းချောင်းတံတား ငှက်ပျောတောရွာတွင် ကင်းပုန်းဝပ်ကာ တကောင်း(ပ.က.ဖ)မိုင်းသမားများအား စောင့်ဆိုင်းနေသော စစ်ကောင်စီတပ်အား သပိတ်ကျင်းမြို့နယ်(ပကဖ)၊ TBK တောဆင်းရိုင်းအဖွဲ့နှင့် တကောင်း(ပ.က.ဖ)တို့ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အထက်ပါ တိုက်ခိုက်မှုသုံးကြိမ်တွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်အား မသိရသေးကြောင်း တကောင်း (ပ.က.ဖ)မှ အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။