Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၅)နယ်မြေ ဇန်နဝါရီတိုက်ပွဲများတွင် စစ်ကောင်စီတပ် ၅၀ခန့်သေဟု ထုတ်ပြန်

ဇန်နဝါရီအတွင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်မဟာ(၅) နှင့် စစ်ကောင်စီ ၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ တိုက်ပွဲပေါင်း ၂၀၉ ကြိမ် ဖြစ်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မူတြော်ခရိုင်ရှိ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မူတြော်ခရိုင်ရှိ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)

▪️စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၄ဦးအသက်ဆုံးရှုံးရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင်အတွင်း၌ ဇန်နဝါရီအတွင်း တိုက်ပွဲပေါင်း ၂၀၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၇ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ (၅)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီအတွင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်မဟာ(၅) နှင့် စစ်ကောင်စီ ၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ တိုက်ပွဲပေါင်း ၂၀၉ ကြိမ် ဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် ၎င်း၏ ခါးပိုက်ဆောင်BGFတပ်ဖွဲ့ဝင် ၄၇ဦးသေဆုံးကာ ၅၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံးသူများအနက် တပ်ခွဲမှူးတစ်ဦး ပါဝင်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့ပြင် စစ်ကောင်စီ၏ စစ်တန်းလျား ၆လုံးနှင့် စစ်သုံးမော်တော်ယာဉ် တစ်စီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း KNLAတပ်ဖွဲ့ဝင်များထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြထားခြင်းမရှိပေ သို့ရာတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သား ပြည်သူ ၁၄ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် (၂၄)ကြိမ်တိုင် ဗုံးဆံများလာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူလူထု နေအိမ် ၅၀ ကျော် ထိမှန် ပျက်စီးခဲ့ပြီး မီးလောင်ပြာကျခဲ့သည့် နေအိမ်များလည်း ရှိကြောင်း ဖော်ပြသည်။ မီးလောင်ပြာကျခဲ့သည့် အဆောက်အဦးများထဲ၌ ဆေးရုံဆေးခန်း (၄)လုံးဘာသာရေးအဆောက်အဦးဘုရားကျောင်းကန် (၄)ခု ပါဝင်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook