Connect with us

Hi, what are you looking for?

သတင်း

သုဝဏ္ဏတံတားအဆင်းတွင် အိမ်စီးကားမောင်းလာသူ ဓားထိုးလုယက်ခံရ

လုယက်သူများက မီးပွိုင့်လွတ်ချိန်တွင် Hijet ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံအချို့က ပြောသည်။

ဓားထိုးလုယက်ခံရပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - မိုးစေတနာပရဟိတအသင်း
ဓားထိုးလုယက်ခံရပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - မိုးစေတနာပရဟိတအသင်း

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတံတား အဆင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၄) နေ့လည်ပိုင်းက အိမ်စီးကား မောင်းနှင်လာသည့် အမျိုးသားဓားထိုး လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နေ့လည် ၁၂ နာရီကျော်တွင် သုဝဏ္ဏတံတားအဆင်း ရွှေအင်ကြင်းအိမ်ရာအနီးတွင် Honda Fit အိမ်စီးကားမောင်းလာသည့် အမျိုးသားတစ်ဦးအား Hijet ယာဥ်ပေါ်မှ အမည်မသိ လူတစ်စုက ဓားဖြင့်ထိုး၍ ပစ္စည်းလုယက်မှု ဖြစ်ပွားခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

” မီးပွိုင့်မိနေတုန်း Hijet ကားပေါ်ကနေ လူ သုံးယောက်ဆင်းလာပြီး ကားအမဲပေါ်က လူကို ဓားနဲ့ ထိုးပြီး လုတာလို့ သိရတယ်။ ရွှေဆွဲကြိုးတို့ ပိုက်ဆံအိတ်တို့ ပါသွားတယ်ကြားတယ်။ အနားက စျေးသည်တွေက အဌားယာဥ်ခေါ်ပေးပြီး ဓားထိုးခံရသူကိုဆေးရုံပို့ပေးလိုက်ပါတယ် “ဟု ၎င်းက ဆိုသည်။

လုယက်သူများက မီးပွိုင့်လွတ်ချိန်တွင် Hijet ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဓားထိုးခံရသူ အမျိုးသားသည် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး မိသားစုဝင်များဖြင့်လည်း အဆက်အသွယ် ရရှိပြီ ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပရဟိတအဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတာ မကြာလှသေးတဲ့ တံတားတစ်စင်း ကျိုးပြီး မြစ်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဖြစ် စံချိန်တင်မယ့် တံတားအသစ်ကို တရုတ်နိုင်ငံမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ဘန်ကောက်မြို့ထဲမှာ မြန်မာတစ်ဦးကို အုပ်စုလိုက် ရန်ပြုပြီး ဓားနဲ့ ထိုးသတ်သွားတဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ထိုင်းရဲတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာတစ်ခုဖြစ်​သောမြန်မာပလာဇာမှကားပါကင်တွင်အမျိုးသမီးတစ်ဦးယ​နေ့ဓားထိုးခံရပြီးသေဆုံးသွားသည်။