Connect with us

Hi, what are you looking for?

News

ကုလတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းအား အသိ အမှတ်ပြုရေး အိုင်ယာလန်ရောက်မြန်မာများဆန္ဒပြ

အဆိုပါ တောင်းဆိုမှုတွင် အိုင်ယာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် အိုင်းရစ်လူမျိုးအချို့ပါဝင် ပူးပေါင်း၍ ဒဗ္ဗလင်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးများရုံးရှေ့၌ ပြုလုပ်ခဲ့ကြသည်။

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အသိအမှတ်ပြုရေးအတွက် အိုင်ယာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ယနေ့ (စက်တင်ဘာ ၁၃ ရက်) တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အဆိုပါ တောင်းဆိုမှုတွင် အိုင်ယာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် အိုင်းရစ်လူမျိုးအချို့ပါဝင် ပူးပေါင်း၍ ဒဗ္ဗလင်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးများရုံးရှေ့၌ ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြသူများသည် စစ်ကောင်စီနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်ရန် ၊ NUGအစိုးရ ကို မြန်မာနိုင်ငံ၏ တခုတည်းသော အစိုးရအဖြစ် လက်ခံရန်၊ စစ်ဘေးရန်ကြောင့် ဒုက္ခရောက်နေသူများကို လူသားခြင်းစာနာမှု အထောက်အပံ့များ ကူညီရန် စသည်တို့ ရေးသားထားသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။