Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ငလျင်ဒဏ်ခံစားနေကြရသော တူရကီနှင့် ဆီးရီးယား ပြည်သူများထံ NUG သဝဏ်လွှာပေးပို့

ဖေဖော်ဝါရီ ၆ ရက်တွင် ပြင်းအား ၇.၈ အဆင့်ရှိသည့် ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဒေသများသို့ သက်ရောက်မှုရှိခဲ့ပြီး အဆိုပါ ငလျင်ဒဏ်ကြောင့် ပြည်သူ ၈,၀၀၀ နီးပါး သေဆုံးခဲ့ရကာ ၄၀,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

ငလျင်ဒဏ်ခံစားနေကြရသော တူရကီနှင့် ဆီးရီးယား ပြည်သူများထံ NUG သဝဏ်လွှာပေးပို့
ငလျင်ဒဏ်ခံစားနေကြရသော တူရကီနှင့် ဆီးရီးယား ပြည်သူများထံ NUG သဝဏ်လွှာပေးပို့

တူရကီနှင့် ဆီးရီးယားနိုင်ငံတို့ရှိ ငလျင်ဒဏ်ခံစားနေကြရသောပြည်သူများထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

ဖေဖော်ဝါရီ ၆ ရက်တွင် ပြင်းအား ၇.၈ အဆင့်ရှိသည့် ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဒေသများသို့ သက်ရောက်မှုရှိခဲ့ပြီး အဆိုပါ ငလျင်ဒဏ်ကြောင့် ပြည်သူ ၈,၀၀၀ နီးပါး သေဆုံးခဲ့ရကာ ၄၀,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူများအားလုံး၏ ကျန်ရစ်သူမိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ဒဏ်ရာရရှိသူများလည်း အမြန်ဆုံးပြန်လည်သက်သာကောင်းမွန်လာစေရေး မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးနှင့် အတူ ဆုတောင်းမေတ္တာပို့သပေးလျက်ရှိကြောင်း NUG ၏ သဝဏ်လွှာ၌ ဖော်ပြသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ပေးနေကြသော လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ အချင်းချင်း အပြန်အလှန် ကူညီဖေးမခြင်းအားဖြင့် သဘာဝဘေးရန်ကို ညီညွတ်စွာ အံတုရင်ဆိုင်နေကြသော ပြည်သူများ၊ အခက်အခဲများစွာကြားကပင် စနစ်ကျသော ဦးဆောင်မှုဖြင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မှုပေးနေသော တူရကီနှင့် ဆီးရီးယားနိုင်ငံမှ တာဝန်ရှိသူများ နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အချိန်မဆိုင်းပဲ ပေးပို့ကူညီကြသော နိုင်ငံတကာအဖွဲ့အစည်းများအားလုံးကို လေးစားဂုဏ်ယူ၊ ကျေးဇူးတင်ကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တူရကီနှင့် ဆီးရီးယားနိုင်ငံရှိ ပြည်သူများအားလုံး လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော သဘာဝ ဘေး အန္တရာယ်၏ ဖိစီးမှုများကို အမြန်ဆုံးအောင်မြင် ကျော်လွှားနိုင်ကြပါစေကြောင်းနှင့် နောက်နောင်တွင်လည်း သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။