Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်အရေးအတူလက်တွဲဆောင်ရွက်ရန် ရှမ်းတပ် SSPPနှင့် မွန်တပ် NMSPတို့အား ယာယီသမ္မတ ဖိတ်ခေါ်

ဖေဖော်ဝါရီ ၃ရက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ထုတ်ပြန်ချက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုလိုလားသည့် အင်အားစုများနှင့် လက်တွဲ ချိတ်ဆက်မည်ဟု ဖော်ပြချက်၊ မွန်ပြည်သစ်ပါတီ ၏ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန်ချက်များကို အသိအမှတ်ပြုကြောင်းလည်း ယာယီသမ္မတက ပြောသည်။

ဖက်ဒရယ်အရေးအတူလက်တွဲဆောင်ရွက်ရန် ရှမ်းတပ် SSPPနှင့် မွန်တပ် NMSPတို့အား ယာယီသမ္မတ ဖိတ်ခေါ်
ဖက်ဒရယ်အရေးအတူလက်တွဲဆောင်ရွက်ရန် ရှမ်းတပ် SSPPနှင့် မွန်တပ် NMSPတို့အား ယာယီသမ္မတ ဖိတ်ခေါ်

▪️အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်ဖယ်ရှားဖို့ အချိန်အခါဖြစ်ဟုပြော

တိုင်းပြည်၏ အနာဂတ်ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်နိုင်ရန် အစိုးရအနေဖြင့် အမြဲတမ်း ဖိတ်ခေါ်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မွန်ပြည်သစ်ပါတီ(NMSP)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တပ်ဖွဲ့များအား ဖိတ်ခေါ်လိုက်သည်။

ယနေ့ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၃ရက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ထုတ်ပြန်ချက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုလိုလားသည့် အင်အားစုများနှင့် လက်တွဲ ချိတ်ဆက်မည်ဟု ဖော်ပြချက်၊ မွန်ပြည်သစ်ပါတီ ၏ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန်ချက်များကို အသိအမှတ်ပြုကြောင်းလည်း ယာယီသမ္မတက ပြောသည်။

SSPPမှ တပ်သားများအား တွေ့ရစဉ်
SSPPမှ တပ်သားများအား တွေ့ရစဉ်

“အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်နိုင်ဖို့ ပြည်တွင်းအင်အားစုတွေအကြား ညီညွတ်မှုဟာ အင်အားတရပ်ဖြစ်ပါတယ်။ စုစည်းမှု၊ ညီညွတ်မှုနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းမှုတွေ ကျွန်တော်တို့အကြား တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီနေ့တက်ရောက်လာကြတဲ့ ကတ်ဘိနက်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများအနေနဲ့လည်း တိုင်းရင်းသားအရေး ၊မဟာမိတ်ချိတ် ဆက်မှုအပိုင်းကို ဦးစားပေးလျက် အမြဲချိတ်ဆက်ဆောင်ရွက်ကြဖို့ ထပ်မံတိုက်တွန်း လိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒကြောင့် တိုင်းရင်းသားပြည်သူ လူထုအကြား ပျက်ယွင်းခဲ့သည့် ယုံကြည်မှုကို ယခုအချိန်၌ တည်ဆောက်ယူရန် အချိန်အခါကောင်း တရပ်ဖြစ်သည်ဟု ၎င်းကဆိုသည်။

“အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်ဖယ်ရှားဖို့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး တိုင်းရင်းသားပြည်သူလူထုရဲ့ လိုလားမှုကို အလေးထားလျက် ညီညွတ်မှုရှိကာ ကျွန်တော်တို့အကြား ချိတ်ဆက် ဆောင်ရွက်မှုကို ပြသဖို့ အချိန်ကျရောက်နေပြီ”ဟု ယာယီသမ္မတက ဒူဝါလရှီးလက ပြောသည်။

NMSP မှ တပ်သားများအား တွေ့ရစဉ်
NMSP မှ တပ်သားများအား တွေ့ရစဉ်

မွန်ပြည်သစ်ပါတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီတို့သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တွေ့ဆုံဆွေးနွေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။

သို့ရာတွင် SSPP၏ ဖေဖော်ဝါရီ ၃ရက်ထုတ်ပြန် ချက်တွင် နိုင်ငံအတွက်အလိုအပ်ဆုံးဖြစ်သည့် တန်းတူရေး နှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ဖက်ဒရယ်နှင့် ဒီမိုကရေစီကို လိုလားသော အင်အားစုများနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဖော်ပြသည်။

NMSP၏ ကြေညာချက်တွင်လည်း စစ်ကောင်စီက ဖိတ်ခေါ်လာ၍ NMSPမှ ဆွေးနွေးနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆုပ်ကိုင် နေ၍ တိုင်းရင်းသားလူမျိုးအခွင့်အရေးများ ရရှိနိုင်ရန် အလှမ်းဝေးနေကြောင်း၊ ရွေးကောက်ပွဲအသစ်တစ်ခု ကျင်းပရန် အားထုတ်လုပ်ဆောင်နေခြင်းကလည်း ရလဒ်ကောင်း မရနိုင်သည်သာမက သွေးထွက်သံယိုမှု ပိုများသည့် ပဋိပက္ခဆီသို့ ဦးတည်သွားနိုင်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ အပြင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွးမှုတွေရှိတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်က ပြောပါတယ်။

သတင်း

နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူ့လုံခြုံမှုရှိစေရေးတို့အတွက် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းတို့နဲ့ ထိတွေ့ဆက်ဆံညှိနှိုင်းကာ ပြည်ထောင်စုတွင်းပကတိဖြစ်တည်နေသော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်အဖြေရှာ ဖြေရှင်းသွားဖို့ ဆုံးဖြတ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ထုတ်ပြန်ကြေညာပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အာဏာသိမ်းစစ်တပ်ဟာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်ပြီး လတ်တလော စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိသေးတဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်နယ်မြေကို ဝင်ရောက်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ မွန်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။