Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်ခံစားနေကြရသော တူရကီနှင့် ဆီးရီးယား ပြည်သူများထံ NUG သဝဏ်လွှာပေးပို့

ဖေဖော်ဝါရီ ၆ ရက်တွင် ပြင်းအား ၇.၈ အဆင့်ရှိသည့် ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဒေသများသို့ သက်ရောက်မှုရှိခဲ့ပြီး အဆိုပါ ငလျင်ဒဏ်ကြောင့် ပြည်သူ ၈,၀၀၀ နီးပါး သေဆုံးခဲ့ရကာ ၄၀,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

ငလျင်ဒဏ်ခံစားနေကြရသော တူရကီနှင့် ဆီးရီးယား ပြည်သူများထံ NUG သဝဏ်လွှာပေးပို့
ငလျင်ဒဏ်ခံစားနေကြရသော တူရကီနှင့် ဆီးရီးယား ပြည်သူများထံ NUG သဝဏ်လွှာပေးပို့

တူရကီနှင့် ဆီးရီးယားနိုင်ငံတို့ရှိ ငလျင်ဒဏ်ခံစားနေကြရသောပြည်သူများထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

ဖေဖော်ဝါရီ ၆ ရက်တွင် ပြင်းအား ၇.၈ အဆင့်ရှိသည့် ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဒေသများသို့ သက်ရောက်မှုရှိခဲ့ပြီး အဆိုပါ ငလျင်ဒဏ်ကြောင့် ပြည်သူ ၈,၀၀၀ နီးပါး သေဆုံးခဲ့ရကာ ၄၀,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူများအားလုံး၏ ကျန်ရစ်သူမိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ဒဏ်ရာရရှိသူများလည်း အမြန်ဆုံးပြန်လည်သက်သာကောင်းမွန်လာစေရေး မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးနှင့် အတူ ဆုတောင်းမေတ္တာပို့သပေးလျက်ရှိကြောင်း NUG ၏ သဝဏ်လွှာ၌ ဖော်ပြသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ပေးနေကြသော လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ အချင်းချင်း အပြန်အလှန် ကူညီဖေးမခြင်းအားဖြင့် သဘာဝဘေးရန်ကို ညီညွတ်စွာ အံတုရင်ဆိုင်နေကြသော ပြည်သူများ၊ အခက်အခဲများစွာကြားကပင် စနစ်ကျသော ဦးဆောင်မှုဖြင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မှုပေးနေသော တူရကီနှင့် ဆီးရီးယားနိုင်ငံမှ တာဝန်ရှိသူများ နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အချိန်မဆိုင်းပဲ ပေးပို့ကူညီကြသော နိုင်ငံတကာအဖွဲ့အစည်းများအားလုံးကို လေးစားဂုဏ်ယူ၊ ကျေးဇူးတင်ကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တူရကီနှင့် ဆီးရီးယားနိုင်ငံရှိ ပြည်သူများအားလုံး လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော သဘာဝ ဘေး အန္တရာယ်၏ ဖိစီးမှုများကို အမြန်ဆုံးအောင်မြင် ကျော်လွှားနိုင်ကြပါစေကြောင်းနှင့် နောက်နောင်တွင်လည်း သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

Facebook