Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့ တပ်စွဲထားသောစစ်ကောင်စီစခန်းနေရာများအား PDFနှင့် KNDF တိုက်ခိုက်

ယမန်နေ့ နံနက်ပိုင်းက ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ စခန်းများကို KNDF B -14 ၊ B -02 နှင့် လွိုင်ကော် PDF တို့ပူးပေါင်း၍ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း(၁၄)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း(၁၄)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF

လွိုင်ကော်မြို့တွင် တပ်စွဲထားသော စစ်ကောင်စီ စခန်းနေရာများအား ဝင်တိုက်ရာ စစ်ကောင်စီ တပ်သားလေးဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၄ က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့ နံနက်ပိုင်းက ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ စခန်းများကို KNDF B -14 ၊ B -02 နှင့် လွိုင်ကော် PDF တို့ပူးပေါင်း၍ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်စခန်းများကို မိနစ် ၂၀ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးမှုအတွင်း စစ်ကောင်စီဖက်မှ ကယန်းသာယာလမ်းခွဲစခန်းတွင် နှစ်ဦး ၊ လင်ဖုံလေးလမ်းခွဲတွင် နှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း KNDF တပ်ရင်း – ၁၄က ပြောသည်။

ထို့အပြင် ပူးပေါင်းတပ်ဖွဲ့များဖက်မှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီမှ လွိုင်ကော်မြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှာခြင်းများပြုလုပ်နေသလို လက်နက်ကြီးများဖြင့်လည်း နေ့စဥ်ရမ်းသမ်းပစ်ခက်ခြင်းများ ပြုလုပ်နေကြောင်း အသိပေးသည်။

“လွိုင်ကော် -ဘုရားဖြူ၊လွိုင်ကော် -ဇရပ်ဖြူ- ဒေါတမကြီး-ဘောလခဲလမ်း၊လွိုင်ကော်-မိုးဗြဲ -ဖယ်ခုံ စတဲ့ လမ်းတွေမှာ စကစဘက်က စစ်ကြောင်းဝင်နေတာရှိသလို အချိန်မရွေးတိုက်ပွဲတွေကက ရှိလည်းရှိနေတယ်။အဓိကတော့ သူတို့စစ်ကြောင်းတွေ ပိုလှုပ်လာတယ်”ဟု ကရင်နီဒေသခံသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ခရီးဝေးသွားလာခြင်းများအား စစ်ရေးအခြေနေများကို အလေးထားဆင်ခြင်ပြီးမှသာ သွားလာရန် KNDF တပ်ရင်း – ၁၄က မေတ္တာရပ်ခံသည်။

ဖေဖော်ဝါရီ ၄ရက်ကလည်း လွိုင်ကော်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁၅ဦး ထက်မနည်းထိခိုက်သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဖယ်ခုံဇုန်က ယနေ့ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့