Connect with us

Hi, what are you looking for?

သတင်း

စပယ်နံသာရဲစခန်းPDFများစီးနင်းတိုက်ခိုက်စစ်​ကောင်စီဘက်မှ ၂၀ ဦးခန့်သေ၊ PDF ၄ ဦးဒဏ်ရာရ

စံပယ်နံသာရဲစခန်းကိုဖေဖော်ဝါရီလ(၉)ရက် မနက် ၀ဝးနာရီ မှစတင်တိုက်ခိုက်ခဲ့ပြီး မနက်၉ နာရီ ၂ မိနစ်တွင် ရဲကင်းစခန်း နှင့်ဗန်ကာများအား မီးရှို့ခဲ့ပြီးရန်သူတပ်သား (၂၀)ဦး ခန့်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်ညတွင် ထုတ်ပြန်ထားသည်။

(ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ စစ်သားနှင့်ပျူများ၏ ပျူစခန်းကိုPDFများတိုက်ခိုက်ပြီးသိမ်းဆည်းရရိ​သော​သေနတ် ၂ လက်နှင့်ကျည်များ ။ ဓါတ်ပုံ-​CJ)
(ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ စစ်သားနှင့်ပျူများ၏ ပျူစခန်းကိုPDFများတိုက်ခိုက်ပြီးသိမ်းဆည်းရရိ​သော​သေနတ် ၂ လက်နှင့်ကျည်များ ။ ဓါတ်ပုံ-​CJ)

ကန့်ဘလူမြို့နယ်၊ စံပယ်နံသာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်စီးနင်းခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ဦးခန့်သေဆုံးခဲ့ပြီး PDFများ အထိအခိုက်ကြီးမားစွာမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။

“စံပယ်နံသာရဲစခန်းကိုမဟာမိတ်တွေပေါင်းတိုက်တာ။သေချာပြင်ဆင်ပြီးမှ တိုက်ခဲ့တာ။ စစ်ကောင်စီတပ်ဖက်က သေတာ များတယ်။ ၂၀မကဘူးလို့သတင်းပြန်ရတယ်။ကျွန်တော်တို့ဘက်က ဒဏ်ရာရသူရှိတယ်။ အ‌ခြေအနေအရ ပြန်ဆုတ်ခဲ့တယ်”ဟု ကန့်ဘလူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စံပယ်နံသာရဲစခန်းကိုဖေဖော်ဝါရီလ(၉)ရက် မနက် ၀ဝးနာရီ မှစတင်တိုက်ခိုက်ခဲ့ပြီး မနက်၉ နာရီ ၂ မိနစ်တွင် ရဲကင်းစခန်း နှင့်ဗန်ကာများအား မီးရှို့ခဲ့ပြီးရန်သူတပ်သား (၂၀)ဦး ခန့်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်ညတွင် ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် လေးဦးမစိုးရိမ်ဒဏ်ရာရရှိခဲ့သည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကန့်ဘလူမြို့နယ်တွင် ဖေဖော်ဝါရီ ၉ရက်က စံပယ်နံသာရဲစခန်းအပြင် စစ်ကောင်စီခြေကုပ်ယူထား​သော နေရာသုံးနေရာကို PDF များကတစ်ချိန်တည်းတိုက်ခိုက်ခဲ့သည်။ ကျန်နှစ်နေရာနှင့်ပတ်သက်၍ မကြာခင်သတင်းထုတ်ပြန်မည်ဟု ကန့်ဘလူမြို့နယ် ပြီးသည့်အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ စစ်​ကောင်စီတပ်နှင့်ပျူများကို PDF များကယမန်​နေ့(ဖေဖော်ဝါရီလ ၉ ရက်)မနက် ၁ နာရီခန့်က စတင်တိုက်ခိုက်ခဲပြီး ရွာကိုသိမ်းနိုင်ခဲ့သည်။​သေ​နေ​သော စစ်သားများထံမှ ​သေနတ် ၂ လက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ကူတွေ ရောက်လာသဖြင့် PDF များ ပြန်ဆုတ်ခွာခဲ့​ကြောင်း ​ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook