Connect with us

Hi, what are you looking for?

သတင်း

လောင်းရှည်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်

ဆောမြို့နယ်၌ PDF တပ်ရင်း (၆)ရင်း ရှိပြီး ယင်းအနက် အမှတ် (၃)တပ်ရင်းနှင့် အမှတ်(၅) တပ်ရင်းများက လက်နက်ရရှိထားသည့် တပ်ရင်းများဖြစ်ကြောင်း၊ ကျန်တပ်ရင်းများ၌ လူအင်အားရှိသော်လည်း လက်နက်လိုအပ်ချက်ရှိနေကြောင်း ဆော PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

လောင်းရှည်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်
လောင်းရှည်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိဟုဆို

မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၉ရက်က လောင်းရှည်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ဘက်က PDF တစ်ယောက်ကျဆုံးတယ်။ သူတို့ဘက်က ဘယ်လောက်ကျတယ်ဆိုတာ မသိရဘူး။ သူတို့က နေရာကောင်းယူပြီး ထိုင်တဲ့ဟာ။ ကျွန်တော်တို့က သွားပြီး ဖြိုတာပေါ့။ သူတို့ကတော့ အမာခံယူထားတာကိုး။ မီးသတ်ကုန်းတွေမှာ ဘုန်းကြီးကျောင်းတွေမှာ နေရယူထားတာ။လောင်းရှည်မြို့ ဘုရားကုန်း၊ မီးသတ်ရုံးစခန်းတွေမှာ”ဟု ဆောဒေသ PDF တပ်ရင်းတစ်ခုမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း လောင်းရှည်ဒေသ လောင်းရှည် ရဲစခန်းကုန်း၊ ညောင်နီချောင်းရဲစခန်းကုန်း၊ ယွင်းချောင်း၊ စက်တော်ရာကုန်း ၊ မီးသတ်ကုန်းတို့အား ဂန့်ဂေါ ခရိုင် အမှတ်(၃၊ ၅၊ ၆) တပ်ရင်း၊ မကွေး ခရိုင် အမှတ်(၁)တပ်ရင်း တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ရှစ်ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆောမြို့နယ်၌ PDF တပ်ရင်း (၆)ရင်း ရှိပြီး ယင်းအနက် အမှတ် (၃)တပ်ရင်းနှင့် အမှတ်(၅) တပ်ရင်းများက လက်နက်ရရှိထားသည့် တပ်ရင်းများဖြစ်ကြောင်း၊ ကျန်တပ်ရင်းများ၌ လူအင်အားရှိသော်လည်း လက်နက်လိုအပ်ချက်ရှိနေကြောင်း ဆော PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ကတော့ တွန်းလှန်စစ်ဆိုပေမယ့် ခုခံကာကွယ်စစ်ပဲ လုပ်နေရသေးတယ်။ ဆောမြို့ နယ်မှာ တပ်ရင်း(၃)နဲ့ တပ်ရင်း(၅)ပဲ လက်နက်အပြည့်အစုံရထားတာ။ လောင်းရှည်တို့ ကျောက်ထုတို့ကလက်နက်တွေမရတဲ့အခါ အင်အားနည်းနေတာပေါ့။ လောင်းရှည်ကလည်း အဓိက နေရာဖြစ်နေတယ် စေတုတ္တရာ ဘက်က လာတယ် ကန်ပက်လက်ကို သွားတဲ့လမ်းဖြစ်နေတယ်။ ကျောက်ထုကျတော့လည်း မင်းတပ် မတူပီ သွားလမ်းဖြစ်နေတယ်။” ဟု ဆောမြို့နယ်ရှိ PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။