Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေး ရပ်ဆိုင်းသွား

NCA ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU )၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကျောင်းသား တပ်မတော်(ABSDF) တို့ဟာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။

ရုရှားခရီးစဉ်မှာတွေ့ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်
ရုရှားခရီးစဉ်မှာတွေ့ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်

စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့် အရှိန်ရနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားတယ်လို့အပစ်ရပ်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ ဦးဆောင်ကော်မတီက ထုတ်ပြောလိုက်ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ ပြည်ထောင်စုနေ့ဆီ ပေးပို့တဲ့သဝဏ်လွှာမှာ စစ်အာဏာသိမ်းကြောင့် ငြိမ်းချမ်းရေးထိခိုက်သွားတာကို ထည့်သွင်းပြောဆိုလိုက်တာပါ။

နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ပျိုးထောင်ဆဲကာလမှာ စစ်တပ်အာဏာကောက်သိမ်းလို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ” ကံမကောင်းအကြောင်းမလှစွာ” ရပ်ဆိုင်းသွားတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ ဦးဆောင်ကော်မတီက ကဆိုပါတယ်။

ဒါအပြင် အာဏာသိမ်းမှု အကျိုးဆက်အဖြစ် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေအပါအဝင် အထွေထွေအကြပ်အတည်းတွေဖြစ်ပွားနေတယ်လို့လည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုင်းပြည်ဟာ ပြည်တွင်းစစ် ပုံသဏ္ဍာအသစ်ဆီ ဦးတည်နေပြီး အချိန်ကြာနိုင်တဲ့ နိုင်ငံရေးအကြပ်အတည်း ဝဲသြဃအတွင်း ဆင်းသက်နေတယ်လို့လည်း ထောက်ပြထားတာတွေ့ရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ ဦးဆောင်ကော်မတီ အနေနဲ့တော့ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ့်မူကို ဆက်လက်ကိုင်စွဲထားတယ်လို့သဝဏ်လွှာကတဆင့်အသိပေးထားပါတယ်။

စစ်ကောင်စီခေါင်းဆောင်ကလည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူးလို့ ဒီနေ့ မှာ ဝန်ခံသွားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ ဦးဆောင်ကော်မတီ ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ထိုးထားတဲ့အဖွဲ့တွေ ဖွဲ့ထားပေမယ့် အာဏာသိမ်းပြီးနောက် အဖွဲ့အချို့သာ ပါဝင်ဆွေးနွေးနေတာပါ။

NCA ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU )၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကျောင်းသား တပ်မတော်(ABSDF) တို့ဟာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။