Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုအသစ်တွေကို CNF ကြိုဆို

အမေရိကန်၊ ဗြိတိန်၊ကနေဒါနဲ့ဩစတြေးလျတို့ကအာဏာသိမ်း စစ်ကောင်စီအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေကြောင့် စစ်အာဏာရှင်တွေက မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်တဲ့ စစ်ပွဲမျိုးဆင်နွှဲနိုင်မှုအပေါ်အကန့်အသတ်ဖြစ်စေလိမ့်မယ်လို့ CNFက အသိအမှတ် ပြုထားပါတယ်။

(CNF/CNA တပ်ဖွဲ့ဝင်​တွေ ။ ။ဓါတ်ပုံ-CNF)
(CNF/CNA တပ်ဖွဲ့ဝင်​တွေ ။ ။ဓါတ်ပုံ-CNF)

▪︎နိုင်ငံတကာအသိုက်အဝန်းအနေနဲ့မြန်မာနိုင်ငံက ဖြေရှင်းဖို့ခက်တဲ့ ပြည်တွင်းစစ်ရဲ့ သဘောသဘာဝကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့လည်း CNFက တောင်းဆို

အာဏာသိမ်း စစ်ကောင်စီအပေါ် အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ကြိုဆိုကြောင်း ချင်းတော်လှန်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ ချင်းအမျိုးသား တပ်ဦး (CNF)က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်၊ ဗြိတိန်၊ကနေဒါနဲ့ဩစတြေးလျတို့ကအာဏာသိမ်း စစ်ကောင်စီအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေကြောင့် စစ်အာဏာရှင်တွေက မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်တဲ့ စစ်ပွဲမျိုးဆင်နွှဲနိုင်မှုအပေါ်အကန့်အသတ်ဖြစ်စေလိမ့်မယ်လို့ CNFက အသိအမှတ် ပြုထားပါတယ်။

အထူးသဖြင့် ကနေဒါနဲ့ ဗြိတိန်တို့က စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းမှုတွေကို ပစ်မှတ်ထား ပိတ်ဆို့ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်အထူးအားတက်ဝမ်းသာမိတယ်လို့ CNFက ဆိုပါတယ်။ လေယာဉ်ဆီ တင်သွင်းမှု လမ်းကြောင်းတွေ ရှိနေသ၍ စစ်ကောင်စီဟာ အရပ်သား ပြည်သူတွေနဲ့ လူနေ ဧရိယာတွေကို စစ်ဘက်၊ အရပ်ဖက် မခွဲခြားဘဲ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေနိုင်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ပြီးစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ထိုးစစ်ဆင်မှုတွေ၊ အထူးသဖြင့် နိုင်ငံအနှံ့မှာ အရပ်သား ဧရိယာတွေကိုပါ မရှောင်ဘဲလေကြောင်းကနေတိုက်ခိုက်တာတွေကိုလည်းCNFက ရှုတ်ချခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သဘောတူ ဆုံးဖြတ်ချက်ဖြစ်တဲ့ အကြမ်းဖက်တိုက်ခိုက်နေမှု ပုံစံအားလုံးကို ရပ်တန့်ရမယ်ဆိုတဲ့ သဘောထားကို မြန်မာစစ်တပ်က ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာကို CNFက ကန့်ကွက်ထားပါတယ်။

Public Service Announcement

Public Service Announcement

CNFရဲ့ ကြေညာချက်မှာတော့ လတ်တလော စစ်ကောင်စီက အ​ရေး​ပေါ်ကာလကို တရားမဝင်တဲ့နည်းလမ်းတွေနဲ့၆လတိုးမြှင့်ပြီးတဲ့နောက် မြန်မာနိုင်ငံအနှံ့ မြို့နယ်ပေါင်း ၃၇ ခုမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့လည်း အလေးအနက် စိုးရိမ်ကြောင်း ပါရှိပါတယ်။

နောက်ပြီး အာဆီယံ အလှည့်ကျ သဘာပတိဖြစ်တဲ့အင်ဒိုနီးရှားက မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ အဟန့်အတားမရှိ ပေးပို့နိုင်ရေး အားထုတ် တောင်းဆိုမှုကိုလည်း CNFက ကြိုဆိုခဲ့ပါတယ်။

ဒါ့အပြင်နိုင်ငံတကာအသိုက်အဝန်းအနေနဲ့မြန်မာနိုင်ငံက ဖြေရှင်းဖို့ခက်တဲ့ ပြည်တွင်းစစ်ရဲ့ သဘောသဘာဝကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့လည်း CNFက တောင်းဆိုထားပါတယ်။ ပြည်တွင်းစစ်ကို အကြောင်းပြုပြီးစစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြုံရနိုင်ခြေ မြင့်မြင့်မားမားရှိနေတယ်လို့လည်းကြေညာချက်မှာ ဖော်ပြ ပါရှိခဲ့ပါတယ်။

ပြီးတော့ ဥပဒေတွေနဲ့ ညီညွတ်မှုမရှိဘဲသတ်မှတ်ထားတဲ့ အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကာလတွေအတွင်း ချင်းပြည်နယ်အပြင် မြန်မာ တစ်နိုင်ငံလုံးမှာလက်ရှိပဋိပက္ခတွေကို နောက်တစ်ဆင့်အရှိန်မြှင့်ဖို့ စစ်ကောင်စီကပြင်ဆင်နေကြောင်းလည်း CNFက သတိပေး ထောက်ပြသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။