Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုအသစ်တွေကို CNF ကြိုဆို

အမေရိကန်၊ ဗြိတိန်၊ကနေဒါနဲ့ဩစတြေးလျတို့ကအာဏာသိမ်း စစ်ကောင်စီအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေကြောင့် စစ်အာဏာရှင်တွေက မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်တဲ့ စစ်ပွဲမျိုးဆင်နွှဲနိုင်မှုအပေါ်အကန့်အသတ်ဖြစ်စေလိမ့်မယ်လို့ CNFက အသိအမှတ် ပြုထားပါတယ်။

(CNF/CNA တပ်ဖွဲ့ဝင်​တွေ ။ ။ဓါတ်ပုံ-CNF)
(CNF/CNA တပ်ဖွဲ့ဝင်​တွေ ။ ။ဓါတ်ပုံ-CNF)

▪︎နိုင်ငံတကာအသိုက်အဝန်းအနေနဲ့မြန်မာနိုင်ငံက ဖြေရှင်းဖို့ခက်တဲ့ ပြည်တွင်းစစ်ရဲ့ သဘောသဘာဝကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့လည်း CNFက တောင်းဆို

အာဏာသိမ်း စစ်ကောင်စီအပေါ် အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ကြိုဆိုကြောင်း ချင်းတော်လှန်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ ချင်းအမျိုးသား တပ်ဦး (CNF)က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်၊ ဗြိတိန်၊ကနေဒါနဲ့ဩစတြေးလျတို့ကအာဏာသိမ်း စစ်ကောင်စီအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေကြောင့် စစ်အာဏာရှင်တွေက မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်တဲ့ စစ်ပွဲမျိုးဆင်နွှဲနိုင်မှုအပေါ်အကန့်အသတ်ဖြစ်စေလိမ့်မယ်လို့ CNFက အသိအမှတ် ပြုထားပါတယ်။

အထူးသဖြင့် ကနေဒါနဲ့ ဗြိတိန်တို့က စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းမှုတွေကို ပစ်မှတ်ထား ပိတ်ဆို့ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်အထူးအားတက်ဝမ်းသာမိတယ်လို့ CNFက ဆိုပါတယ်။ လေယာဉ်ဆီ တင်သွင်းမှု လမ်းကြောင်းတွေ ရှိနေသ၍ စစ်ကောင်စီဟာ အရပ်သား ပြည်သူတွေနဲ့ လူနေ ဧရိယာတွေကို စစ်ဘက်၊ အရပ်ဖက် မခွဲခြားဘဲ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေနိုင်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ပြီးစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ထိုးစစ်ဆင်မှုတွေ၊ အထူးသဖြင့် နိုင်ငံအနှံ့မှာ အရပ်သား ဧရိယာတွေကိုပါ မရှောင်ဘဲလေကြောင်းကနေတိုက်ခိုက်တာတွေကိုလည်းCNFက ရှုတ်ချခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သဘောတူ ဆုံးဖြတ်ချက်ဖြစ်တဲ့ အကြမ်းဖက်တိုက်ခိုက်နေမှု ပုံစံအားလုံးကို ရပ်တန့်ရမယ်ဆိုတဲ့ သဘောထားကို မြန်မာစစ်တပ်က ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာကို CNFက ကန့်ကွက်ထားပါတယ်။

Public Service Announcement

Public Service Announcement

CNFရဲ့ ကြေညာချက်မှာတော့ လတ်တလော စစ်ကောင်စီက အ​ရေး​ပေါ်ကာလကို တရားမဝင်တဲ့နည်းလမ်းတွေနဲ့၆လတိုးမြှင့်ပြီးတဲ့နောက် မြန်မာနိုင်ငံအနှံ့ မြို့နယ်ပေါင်း ၃၇ ခုမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့လည်း အလေးအနက် စိုးရိမ်ကြောင်း ပါရှိပါတယ်။

နောက်ပြီး အာဆီယံ အလှည့်ကျ သဘာပတိဖြစ်တဲ့အင်ဒိုနီးရှားက မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ အဟန့်အတားမရှိ ပေးပို့နိုင်ရေး အားထုတ် တောင်းဆိုမှုကိုလည်း CNFက ကြိုဆိုခဲ့ပါတယ်။

ဒါ့အပြင်နိုင်ငံတကာအသိုက်အဝန်းအနေနဲ့မြန်မာနိုင်ငံက ဖြေရှင်းဖို့ခက်တဲ့ ပြည်တွင်းစစ်ရဲ့ သဘောသဘာဝကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့လည်း CNFက တောင်းဆိုထားပါတယ်။ ပြည်တွင်းစစ်ကို အကြောင်းပြုပြီးစစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြုံရနိုင်ခြေ မြင့်မြင့်မားမားရှိနေတယ်လို့လည်းကြေညာချက်မှာ ဖော်ပြ ပါရှိခဲ့ပါတယ်။

ပြီးတော့ ဥပဒေတွေနဲ့ ညီညွတ်မှုမရှိဘဲသတ်မှတ်ထားတဲ့ အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကာလတွေအတွင်း ချင်းပြည်နယ်အပြင် မြန်မာ တစ်နိုင်ငံလုံးမှာလက်ရှိပဋိပက္ခတွေကို နောက်တစ်ဆင့်အရှိန်မြှင့်ဖို့ စစ်ကောင်စီကပြင်ဆင်နေကြောင်းလည်း CNFက သတိပေး ထောက်ပြသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။