Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းကင်းထောက်များအလိုရှိကြောင်း ပြည်သူများအား NUG ဖိတ်ခေါ်

လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများအား ဖိတ်ခေါ်ချက် ကို ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)နံနက်တွင် တရားဝင် ထုတ်ပြန်ခြင်းဖြစ်သည်။

ကရင်ပြည်နယ်အား စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် တိုက်ခိုက်နေသည်ကို ၂၀၂၂က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
ကရင်ပြည်နယ်အား စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် တိုက်ခိုက်နေသည်ကို ၂၀၂၂က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများအား အလိုရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ဖိတ်ခေါ်လိုက်သည်။

လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများအား ဖိတ်ခေါ်ချက် ကို ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)နံနက်တွင် တရားဝင် ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းလှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် လေတပ်စခန်းများအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းများကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့ခြင်း၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးပို့ခြင်းများလိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လိုသည့် တာဝန်သိပြည်သူများအနေဖြင့် ကာကွယ် ရေးဝန်ကြီးဌာနက၏ telegram https://t.me/MASurveillance24 သို့ ဆက်သွယ် သတင်းပေးပို့ကြရန်လည်း တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့အသက်အိုးအိမ်ကို ပြည်သူ့အားဖြင့် ကာကွယ်နိုင်ရေးအတွက်ရည်ရွယ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနက ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် မြေပြင်တိုက်ပွဲများတွင် အထိနာနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပြည်သူများအား လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ စစ်ရေးအရှိန်မြှင့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ကြေငြာပြီးနောက် လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများအား အလိုရှိကြောင်း ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။

“ကိုယ့်အစိုးရက ဖိတ်ခေါ်တာမို့ ကျွန်မတို့က ကင်းထောက်အဖြစ် လုပ်ကိုလုပ်မှာ။ ပုသိမ်လေတပ်ကနေ စစ်လေယာဉ်တွေ ပျံတက်သံကြားတိုင်း ဘယ်ကိုသတင်းပေးရမယ်မှန်းမသိခဲ့ဘူး။ ပျက်ကျပါစေ ပဲဆုတောင်းနေရတာ။ အခုကတော့ သတင်းပေးလို့ရပြီ”ဟု ဧရာဝတီတိုင်း၊ ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။