Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် ပန်းခြံနှင့်ဓာတ်တိုင်များ၌ စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်များကပ်

ထို့အပြင် ပြည်သူ့တော်လှန်ရေးတွင် ပြည်သူအားလုံးပူးပေါင်းပါဝင်ပေးရန် နှိုးဆော်သည့် စာရွက်များကိုလည်း လမ်းမထက်၌ ဖြန့်ကြဲခဲ့သည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့ရှိ ပန်းခြံနှင့် ဓာတ်တိုင်များတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ရေး စာရွက်များလိုက်လံ ကပ်ခဲ့ကြသည်။

“အမှန်တရားအတွက် ရဲရင့်ဖို့လိုပြီ” ဟု စာသားပါ ဗီနိုင်းကို ပန်းခြံတစ်ခု၏နံရံတွင် ချိတ်ဆွဲခဲ့ပြီး “တော်လှန်ရေးရဲ့ ကြွေးကြော်သံဆိုတာ မတရားမှု၊ ဖိနှိပ်မှု၊ နာကျင်မှုတွေက စခဲ့လို့ ကျွန်တော်တို့ အဆုံးထိ တိုက်ပါရစေ” စာစောင်များကိုလည်း ဓာတ်တိုင်များ၌ ကပ်ခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် ပြည်သူ့တော်လှန်ရေးတွင် ပြည်သူအားလုံးပူးပေါင်းပါဝင်ပေးရန် နှိုးဆော်သည့် စာရွက်များကိုလည်း လမ်းမထက်၌ ဖြန့်ကြဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပျောက်ဆုံးသူတွေ့ရင် ဆက်သွယ်ပေးဖို့ မိသားစုအကူအညီတောင်း

သတင်း

ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်က စတိုးဆိုင်မှာ ဝင်ခိုးတဲ့သူတွေကအိမ်ရှင်တွေကို တိုက်ခိုက်ခဲ့တာ‌ ‌ကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ဒဏ်ရာရကာ အရေးပေါ်အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ ဒေါက်တာတေဇာစန်း ၊ ကိုနန်းလင်း ၊ ကိုထက်မြတ်အောင်နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု -GSCB တို့ကို Forum 2000 Foundation က ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှာဆိုင်ရာဆု (International Award for Courage and Responsibility)ဆုချီးမြှင့်ခဲ့ပါတယ်။