Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းတွင် လောင်းကစားဝိုင်းများဦးဆောင်ပြုလုပ်သည့် ပျူခေါင်းဆောင်ကို ပစ်ခတ်

ယင်းပစ်ခတ်မှုကြောင့် ကြီးမြင့်သည် သေနတ်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး သာယာဝတီဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၁၅ရက်တွင် စိုးရိမ်ရလူနာအဖြစ် ပို့ဆောင်လိုက်ရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

(လက်ပံတန်းမြို့နယ် ရွှေကြို့ပင်ရွာအနီး လယ်ကွင်းပြင်၌ လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်နေသည့် ကြီးမြင့်အား တွေ့ရစဥ်၊ ဓာတ်ပုံ - Bago Region PDF)
(လက်ပံတန်းမြို့နယ် ရွှေကြို့ပင်ရွာအနီး လယ်ကွင်းပြင်၌ လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်နေသည့် ကြီးမြင့်အား တွေ့ရစဥ်၊ ဓာတ်ပုံ - Bago Region PDF)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ နတ်ဖန်ကွင်းကျေးရွာအုပ်စု၊ ရွှေကြို့ပင်ကျေးရွာမှ ပျူစောထီး ခေါင်းဆောင် ဦးကြီးမြင့်(ခ)ကတုံးအား ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ရက်) ည ၁၀နာရီကျော် တွင် လက်ပံတန်းမြို့နယ် ရွှေကြို့ပင်ရွာအနီး လယ်ကွင်းပြင်၌ လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်နေသည့် ကြီးမြင့်အား ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒေါင်းလေးတပ်ဖွဲ့)နှင့် သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့ (အဖွဲ့-၄) တို့ ပူးပေါင်း၍ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ကြောင်း Bago Region PDFက အသိပေးဖော်ပြခဲ့သည်။

ယင်းပစ်ခတ်မှုကြောင့် ကြီးမြင့်သည် သေနတ်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး သာယာဝတီဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၁၅ရက်တွင် စိုးရိမ်ရလူနာအဖြစ် ပို့ဆောင်လိုက်ရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“ဦးကြီးမြင့်က မနေ့ညက လောင်းကစားဝိုင်းမှာ ပစ်ခံရတာပါ။ ပေါင်နဲ့ကျောကုန်းမှာ သေနတ်ဒဏ်ရာ ရသွားတယ်။ ညတွင်းချင်း သာယာဝတီဆေးရုံကို ပို့လိုက်တာ မသက်သာလို့ ရန်ကုန်ဆေးရုံကြီးကို ပြောင်းပို့လိုက်တယ်လို့ ကြားတယ်။ အခြေအနေ မကောင်းဘူးလို့ သိရပါတယ် “ဟု လက်ပံတန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကြီးမြင့်သည် ပျူစောထီးအဖွဲ့ဝင် ၅၇ဦး၏ ခေါင်းဆောင်ဖြစ်ပြီး ဆန္ဒပြလူငယ်များအား စစ်ကောင်စီထံ သတင်းပေးခြင်း၊ လောင်းကစားဝိုင်းများ ဦးဆောင်ကျင်းပလျက်ရှိပြီး လောင်းကစားဝိုင်းတစ်ပွဲလျှင် ကျပ် ၁၀သိန်းကောက်ယူ၍ စစ်ကောင်စီထံ ဆက်ကြေးပေးသွင်းနေသူဖြစ်ကြောင်း ဒေသခံအချို့ က ဆိုသည်။

အဆိုပါစစ်ဆင်ရေးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ထောက်တိုင်များနှင့် စစ်ကောင်စီထံ ဆက်ကြေးပေးသွင်းနေသော ပျူစောထီးများ ပြုလုပ်နေသည့် လောင်းကစားဝိုင်းများကို ချေမှုန်းတိုက်ခိုက်သွားမည် ဖြစ်ကြောင်း Bago Region PDF က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းကလည်း သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ချမ်းသာကုန်းကျေးရွာနှင့် ညောင်လေးပင်ကျေးရွာအကြားရှိ သုဿန်အနီးတွင် ပျူစောထီးအဖွဲ့များက ဦးဆောင်ပြုလုပ်သည့် လောင်းကစားဝိုင်းကို သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် မင်းလှမြို့နယ်(ပကဖ)တို့ ပူးပေါင်း၍ အသံမိုင်းဖြင့် သတိပေးဖောက်ခွဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။