Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်တွင် ဂျုံလာရောင်းသည့်တောင်သူများအား စစ်ကောင်စီတပ်က PDF ဂျုံဟုဆိုကာ ဖမ်းဆီး

ဖမ်းဆီးခံရ‌သော တောင်သူ ငါးဦး ယနေ့အထိ လွှတ်ပေးခြင်း မရှိသေးကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁ ဧပြီက တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁ ဧပြီက တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့သို့ ဂျုံလာရောင်းသော ဒေသခံတောင်သူများအား PDFများစိုက်ပျိုးပြုလုပ်သည့် ဂျုံဟုစွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ကျပ်သိန်း၁၀၀ကျော်ပါ သိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၁၆ရက်က ချောင်းဦးမြို့ပေါ်ရှိ ပွဲရုံတစ်ရုံသို့ ထူးနီကျေးရွာမှ ဂျုံရောင်းလာသော ဒေသခံ တောင်သူငါးဦးအား ပွဲရုံ၌ ရောင်းချပြီး ငွေရှင်းပြီးချိန်တွင် ချောင်းဦးမြို့မရဲစခန်းမှ စစ်အုပ်စုက PDFများစိုက်ပျိုးသည့် ဂျုံဟုစွပ်စွဲကာ အဓမ္မဖမ်းဆီးသွားခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

၎င်းတောင်သူများနှင့်အတူ ဂျုံများတင်ဆောင်လာသော ကားနှစ်စီး၊ ဂျုံရောင်းရသောငွေ ကျပ်သိန်း ၁၀၀ကျော်ကိုပါ အဓမ္မသိမ်းဆည်းသွားကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

‌”အခုအဖမ်းခံရတဲ့တောင်သူတွေက ဧကအများကြီးစိုက်တာဗျ။ တောင်သူတွေရဲ့ဂျုံတွေရယ်။ ပိုက်ဆံလိုချင်လို့ ဖမ်းတာရယ်။ ဘာ PDFဂျုံမှ မဟုတ်ဘူး”လို့ ဒေသခံပြည်သူတစ်ဦးက ‌Chaung U Revolution ကိုပြောကြားထားသည်။

Public Service Announcement

Public Service Announcement

“PDFဂျုံဆိုရင် ဂျုံကိုအစယူလာစဥ်ကတည်းသိမ်း​ပေါ့။ ခု​တော့ ဂျုံရောင်းနေတုန်း ​သေချာ​စောင့် ​ငွေထုပ်ပိုက်ပြီးပြန်အထွက်မှသိမ်းတာ။ စိတ်မကောင်းဘူး။ မြေဆီ စျေးတွေတက်နေတဲ့ကြားက လုပ်ထားရတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရ‌သော တောင်သူ ငါးဦး ယနေ့အထိ လွှတ်ပေးခြင်း မရှိသေးကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။