Connect with us

Hi, what are you looking for?

သတင်း

ကရင်အချင်းချင်း တိုက်နေမည့်အစား သေနတ် ပြောင်းဝ စစ်အုပ်စုဘက်လှည့်ရန် IKO တိုက်တွန်း

ယနေ့ ကာလသည် စစ်အစိုးရကို ပြည်သူတစ်ရပ်လုံးမှ တော်လှန်တိုက်ပွဲဝင်နေကြခြင်းဖြစ်၍ ကရင်တပ်ဖွဲ့များအကြား အချင်းချင်း တိုက်ခိုက်နေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ယင်းသို့ ဖြစ်နေခြင်းအပေါ် အထူးစိတ်မချမ်းမြေ ဖြစ်ရကြောင်း IKOက ဆိုသည်။

ကရင်အချင်းချင်း တိုက်နေမည့်အစား သေနတ် ပြောင်း၀ စစ်အုပ်စုဘက်လှည့်ရန် IKO တိုက်တွန်း
ကရင်အချင်းချင်း တိုက်နေမည့်အစား သေနတ် ပြောင်း၀ စစ်အုပ်စုဘက်လှည့်ရန် IKO တိုက်တွန်း

ကရင်အချင်းချင်း တိုက်ခိုက်မည့်အစား သေနတ် ပြောင်း၀ကို စစ်အုပ်စုဘက်သို့ လှည့်ကြရန် နိုင်ငံတကာ ကရင်အဖွဲ့အစည်း (IKO)က ယနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) နယ်မြေအတွင်း KNLA နှင့် KTLA တို့အကြား တိုက်ပွဲဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး IKOက ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယနေ့ ကာလသည် စစ်အစိုးရကို ပြည်သူတစ်ရပ်လုံးမှ တော်လှန်တိုက်ပွဲဝင်နေကြခြင်းဖြစ်၍ ကရင်တပ်ဖွဲ့များအကြား အချင်းချင်း တိုက်ခိုက်နေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ယင်းသို့ ဖြစ်နေခြင်းအပေါ် အထူးစိတ်မချမ်းမြေ ဖြစ်ရကြောင်း IKOက ဆိုသည်။

စစ်အစိုးရသည် ကရင်လူမျိုး အပါအဝင် ပြည်သူတစ်ရပ်လုံးအပေါ် မတရားဖိနှိပ်အုပ်ချုပ် ကျွန်ပြုခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့ကြောင်း၊ တစ်ခါမှမရှိခဲ့ဖူးသည့် ပြည်သူတစ်ရပ်လုံးက စစ်အုပ်စု အမြစ်ပြတ် ဖြုတ်ချရေး တော်လှန်တိုက်ပွဲဝင်နေခြင်းသည် အဖိနှိပ်ခံ ပြည်သူ တစ်ရပ်လုံးအတွက် အခွင့်အခါကောင်းဖြစ်၍ လက်မလွှတ်သင့်ကြောင်း IKOက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စု ဘေးကြပ်နှံကြပ်ဖြစ်နေ၍ အယုတ်မာဆုံးသော လုပ်ရပ်များဖြစ်သော ပြည်သူလူထုများအပေါ် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်း၊ အိုးအိမ်နှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း စသည့် ယုတ်မာသော နည်းများကိုကျင့်သုံးနေကြောင်း ဖော်ပြထားပြီး စစ်အုပ်စုဘက်သို့ သေနတ်ပြောင်း၀ လှည့်ကြရန် IKOက တိုက်တွန်းထားသည်။

ထို့ပြင် KTLA နှင့် KNLA တာဝန်ရိသူများက ကရင်တမျိုးသားလုံး၏ မျက်နှာကို ထောက်၍ လက်ရှိ ဖြစ်ပေါ်နေသည့် အချင်းချင်း ရန်မူ တိုက်ခိုက်နေမှုများ အမြန်ဆုံး အဆုံးသတ်ရန် မေတ္တာရပ်ခံထားသည်။

KTLA သည် ဗိုလ်မှူးချုပ် နယ်ဒါးမြ ဦးဆောင်သည့် တပ်ဖြစ်ပြီး KNU တပ်မဟာ(၆)နယ်မြေ နှင့် တပ်မဟာ(၄)နယ်မြေတို့၌ ၎င်း၏ တပ်များလှုပ်ရှားမှုရှိသည်။ ဗိုလ်မှူးချုပ်နယ်ဒါးမြသည် ယခင်က KNU လက်အောက်ခံတပ်ဖြစ်သော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) စစ်ဦးစီးချုပ် ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဝေါ်လေဒေသတိုက်ပွဲတွင် တံတားလုပ်ငန်းခွင်မှ အရပ်သားများ အစုလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် အပေါ် KNUက စုံစမ်းစစ်ဆေးရာ စစ်ဆေးမှုကို လက်မခံသောကြောင့် ဗိုလ်မှူးချုပ်နယ်ဒါးမြကို တာဝန်မှ ရပ်စဲခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်မှူးချုပ်နယ်ဒါးမြက KTLA ကို ဖွဲ့စည်းလိုက်ခြင်းကြောင့် အဖွဲ့အစည်းမှ ထုတ်ပယ်ခဲ့သည်။

KTLA အမည်ဖြင့်ဖွဲ့ထားသည့် ဗိုလ်မှူးချုပ်နယ်ဒါးမြတပ်များ KNU တပ်မဟာ(၆)နှင့် တပ်မဟာ(၄) တွင်ရှိသော်လည်း တပ်မဟာ(၄)နယ်မြေ၌သာ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်။ တပ်မဟာ(၄)နယ်မြေရှိ ဗိုလ်စောအယ်ခွီး(ခ) ဗိုလ်ကော်လာဖိုး၏ KTLA တပ်ဖွဲ့သည် အရပ်သားပြည်သူများကို စွပ်စွဲသတ်ဖြတ်ခြင်း၊ ကားများမီးရှို့ခြင်း နှင့် KNLA တပ်မဟာ(၄) အုပ်ချုပ်ရေးပိုင်းကို နှောက်ယှက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း KNU သတင်းရင်းမြစ်များက ပြောကြားထားသည်။ ဗိုလ်ကော်လာဖိုးသည် အာဏာသိမ်းပြီးနောက်ပိုင်း၌ ပေါ်ထွက်လာသူဖြစ်ပြီး ယခင်က စစ်အုပ်စုထံလက်နက်ချထားသူဖြစ်သည်ဟု တပ်မဟာ(၄) တာဝန်ရှိသူ တစ်ဦးက ပြောပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။