Connect with us

Hi, what are you looking for?

သတင်း

အရာတော်တောင်ပိုင်း တိုက်ပွဲဖြစ်နေချိန် အင်အား​နည်းနေသည့် စစ်ကောင်စီစခန်းများအား ဝင်တိုက်

ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆နာရီခွဲခန့်က အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းများအား လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သေဆုံးသွားသောသူပျူတစ်ဦးနှင့် ၎င်းထံမှသိမ်းဆည်းရမိသောပစ္စည်းများနှင့် လေကြောင်းတိုက်ခိုက်ခံရသော အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကိုတွေ့ရစဥ်၊ ဓာတ်ပုံ - အရာတော်(ပကဖ)၊ အရာတော်ပို့စ်
သေဆုံးသွားသောသူပျူတစ်ဦးနှင့် ၎င်းထံမှသိမ်းဆည်းရမိသောပစ္စည်းများနှင့် လေကြောင်းတိုက်ခိုက်ခံရသော အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကိုတွေ့ရစဥ်၊ ဓာတ်ပုံ - အရာတော်(ပကဖ)၊ အရာတော်ပို့စ်

▪️စစ်တပ်အရာရှိနှင့်ပျူသေဆုံးပြီး စခန်းအချို့အား မီးရှို့ဖျက်ဆီး

▪️စစ်ကောင်စီတပ်က အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကို လေကြောင်းမှတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်း၌ တိုက်ပွဲ ဖြစ်ပွားနေစဥ် တပ်ဖွဲ့အင်အားနည်းပါးနေသည့် ပျူစောထီးစခန်းနှစ်ခုနှင့် ရဲစခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အရာတော်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်တပ်အရာရှိတစ်ဦးနှင့် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း ပကဖက ဆိုသည်။

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် သုံးရက်အတွင်း၌ အရာတော်မြို့နယ်တောင်ပိုင်းမှ လေကြောင်းအကူဖြင့် အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ပွဲဝင်နေချိန် ဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ အင်အားနည်းပါးနေသည့် အခြားတပ်စခန်းနေရာများကို ရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အရာတော်(ပကဖ) အဖွဲ့က အသိပေးသည်။

ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆နာရီခွဲခန့်က အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းများအား လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် ည ၈နာရီခန့်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ထိုကျေးရွာရှိ ပျူစောထီးစခန်းအချို့အား စီးနင်းဖျက်ဆီးနိုင်ခဲ့ကြောင်း ပကဖက ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲကြားတွင် စစ်ကောင်စီတပ်များက ဓားစာခံလုပ်ထားသဖြင့် ပိတ်မိနေသည့် စပါးတွင်းကျေးရွာပြည်သူများအားလည်း အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း အရာတော်(ပကဖ)က ထုတ်ပြန်သည်။

သေဆုံးသွားသောသူပျူတစ်ဦးနှင့် ၎င်းထံမှသိမ်းဆည်းရမိသောပစ္စည်းများနှင့် လေကြောင်းတိုက်ခိုက်ခံရသော အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကိုတွေ့ရစဥ်၊ ဓာတ်ပုံ - အရာတော်(ပကဖ)၊ အရာတော်ပို့စ်
သေဆုံးသွားသောသူပျူတစ်ဦးနှင့် ၎င်းထံမှသိမ်းဆည်းရမိသောပစ္စည်းများနှင့် လေကြောင်းတိုက်ခိုက်ခံရသော အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကိုတွေ့ရစဥ်၊ ဓာတ်ပုံ – အရာတော်(ပကဖ)၊ အရာတော်ပို့စ်

အဆိုပါ တိုက်ပွဲတွင်အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မုံရွာခရိုင် အမှတ်(၁၉) PDF တပ်ရင်းတို့နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၂ နာရီခန့်တွင်လည်း နောင်ကြီးအိုင်ကျေးရွာ ရဲစခန်းအား (၆၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုစခန်းတိုက်ခိုက်မှုကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်နယ် (၁)၊ (၂)၊ (၆)၊ (၈) ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၇နာရီခန့်တွင်လည်း အမတ(၃၆၉)တပ်ရင်းအနီး သစ်ကျင်းကြီးကျေးရွာရှိ ပျူစောထီးခြေကုပ်စခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားပြီး စစ်တပ်အရာရှိတစ်ဦးနှင့် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦးတို့ကို အသေပစ်ခတ်နိုင်ခဲ့ကြောင်း အရာတော်(ပကဖ)က အသိပေးသည်။

သစ်ကျင်းကြီးပျူစခန်း တိုက်ခိုက်မှုတွင် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မုံရွာခရိုင် အမှတ်(၆) PDF တပ်ရင်းနှင့်မုံရွာခရိုင်အမှတ်(၁၉) PDF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသောသူပျူတစ်ဦးနှင့် ၎င်းထံမှသိမ်းဆည်းရမိသောပစ္စည်းများနှင့် လေကြောင်းတိုက်ခိုက်ခံရသော အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကိုတွေ့ရစဥ်၊ ဓာတ်ပုံ - အရာတော်(ပကဖ)၊ အရာတော်ပို့စ်
သေဆုံးသွားသောသူပျူတစ်ဦးနှင့် ၎င်းထံမှသိမ်းဆည်းရမိသောပစ္စည်းများနှင့် လေကြောင်းတိုက်ခိုက်ခံရသော အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကိုတွေ့ရစဥ်၊ ဓာတ်ပုံ – အရာတော်(ပကဖ)၊ အရာတော်ပို့စ်

အရာတော်တောင်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသေးပြီး စစ်ကောင်စီတပ်များကလည်း ဖြန့်ခွဲစစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း အရာတော်ပကဖအဖွဲ့က အသိပေးထားသည်။

ဖြစ်စဥ်များနှင့်ပတ်သက်၍ အရာတော်(ပကဖ) အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီသာသာခန့်က မလဲသာကျေးရွာ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပျက်စီးထိခိုက်မှုများရှိခဲ့သည်။

“အရာတော်တောင်နယ်က ရွာကြီးတွေဖြစ်တဲ့ မလဲသာ၊ ကန်ရင်း ကျေးရွာများနဲ့ ရွာဘေးပတ်လည်၊ ဆေးရုံ၊ ကျောင်း နေရာတွေကို စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ ပျံတက်လာခဲ့တဲ့ Mi35 ရဟတ်ယာဉ်က အချိန်အတော်ကြာကြာ လှည့်ပတ်ပစ်ခတ်ခဲ့ပါတယ်။”ဟု ဒေသတွင်း အရာတော်ပို့စ်က ရေးသားသည်။

သေဆုံးသွားသောသူပျူတစ်ဦးနှင့် ၎င်းထံမှသိမ်းဆည်းရမိသောပစ္စည်းများနှင့် လေကြောင်းတိုက်ခိုက်ခံရသော အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကိုတွေ့ရစဥ်၊ ဓာတ်ပုံ - အရာတော်(ပကဖ)၊ အရာတော်ပို့စ်
သေဆုံးသွားသောသူပျူတစ်ဦးနှင့် ၎င်းထံမှသိမ်းဆည်းရမိသောပစ္စည်းများနှင့် လေကြောင်းတိုက်ခိုက်ခံရသော အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကိုတွေ့ရစဥ်၊ ဓာတ်ပုံ – အရာတော်(ပကဖ)၊ အရာတော်ပို့စ်

စစ်ကောင်စီတပ်သည် အရာတော်‌မြို့နယ် တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်ပြီးနောက် Mi17 ရဟတ်ယာဉ်တစ်စီးဖြင့် နမခမှ စစ်ကောင်စီတပ်ဖွဲ့များကို သယ်ဆောင်ကာ မလဲသာ၊ ကန်ရင်း၊ ညောင်ပင် ကျေးရွာများတဝိုက်၌ လေးကြိမ်ဆင်းသက်ပြီး စစ်အင်အားထပ်ဖြည့်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကိုင်းတိုင်း၊ အရာတော်နယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းနှင့် ဒေသတွင်း PDFများ သုံးရက်နီးပါးတိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး PDF ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ZERO ပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။