Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းတိုက်ပွဲရန်သူသုံးဦး​သေ၊ လက်နက်တစ်လက်နှင့်ကျည်များရရှိဟုPDF ​​ပြော

တိုက်ပွဲတွင် မျက်မြင်အတည်ပြုချက်အရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး MA 1 တစ်လက် ကျည်ဘောက် ၃ ခု ၊ကျည်တောင့် ၈၀၊ ခါးပတ်အီကွက်မန့်တစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

(ထီးလင်းPDF သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-PDF-ထီးလင်း)
(ထီးလင်းPDF သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-PDF-ထီးလင်း)

မကွေးတိုင်း၊ ထီးလင်းမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး သေနတ်နှင့် ခဲယမ်း များရရှိကြောင်း PDF ထီးလင်းက ယနေ့ ထုတ်ပြန်သည်။

အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှစစ်ကောင်စီတပ်သားများသည် ​ဖေ​ဖော်ဝါရီလ ၂၆ ရက်နေ့က ပတ်ကင်း ထွက်လာစဥ် ကျင်းအရှေ့ပုံတောင်နတ်ထိပ်၌ ဂန့်ဂေါခရိုင် အမှတ် ( ၂ ၊၄ ၊၁၀)တပ်ရင်းများနှင့် ထိတိုက်တွေ့ဆုံ၍ အပြန်အလှန်တိုက်ခိုက်မှု့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် မျက်မြင်အတည်ပြုချက်အရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး MA 1 တစ်လက် ကျည်ဘောက် ၃ ခု ၊ကျည်တောင့် ၈၀၊ ခါးပတ်အီကွက်မန့်တစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

“လက်ရှိစခ တွေဘက်က စစ်ကြောင်းထိုးနေတယ်။ထီး လင်း အပါအဝင်ကျောက်ထု နဲ့ဆောမှာပါတိုက်ပွဲက အချိန်မရွေး ထပ်ဖြစ်နိုင်တယ်”ဟု ထီးလင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement

Public Service Announcement

ဂန့်ဂေါခရိုင် တပ်ရင်းမှ ရဲဘော်များအထိခိုက်အကျအဆုံးမရှိ ကောင်းမွန်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်းလည်း အသိ​ပေးထားသည်။

တိုက်ခိုက်မှု ဗျူဟာအရအချိန်နှင့်တစ်ပြေးညီ သတင်း မထုတ်ပြန်​ပေးနိုင်သည်ကိုပြည်သူများအနေဖြင့် နားလည်ပေးစေလိုကြောင်းလည်း PDF ထီးလင်းက မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook