Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်တွင် စစ်ကောင်စီစစ်ကြောင်း ပဒေသာမိုင်းထိပြီး လေးဦးသေဟုဆို

ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်များကလည်း စဉ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် နွယ်ရုံရဲစခန်းနှင့် စစ်အုပ်စုတပ်စွဲရာ ပိုဝတောင်ရွာစခန်းတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအုပ်စုဝင် ၆ ဦးသေဆုံးကြောင်း ဒေသတွင်း PDF အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

မန္တ​လေး-မိုးကုတ်လမ်း မတ္တရာမြို့နယ်အတွင်း ဖြတ်သန်းသွားသော စစ်ကားတစ်စီးအား ယမန်နှစ် နှစ်ကုန်ပိုင်းက တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
မန္တ​လေး-မိုးကုတ်လမ်း မတ္တရာမြို့နယ်အတွင်း ဖြတ်သန်းသွားသော စစ်ကားတစ်စီးအား ယမန်နှစ် နှစ်ကုန်ပိုင်းက တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးနေရာတွင်သေဆုံးကြောင်း ဒုဌဝတီတော်လှန်ရေးအင်အားစု၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၇ ရက်) နံနက် ၈နာရီခန့်က မတ္တရာမြို့နယ်၊ ကြာပင်အုပ်စု၊ ကျွန်းပင်ကျေးရွာတွင် စစ်ကြောင်းထိုးရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးနေရာတွင်သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒုဌဝတီတော်လှန်ရေး အင်အားစု၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ကျွန်းပင်ရွာကနေပြီးတော့ တောင်ခြေဘက်ကို စစ်ကြောင်းထိုးဖို့လာတာ။ အင်အားက ၃၈ယောက်ပါတယ်။ မိုင်းထိပြီးတော့ သူတို့ဘက်က ပစ်ခတ်တာတွေတော့ရှိတယ်။ ကာကွယ်ရေးအင်အားစုတွေအနေနဲ့ ထိခိုက်မှု မရှိပါဘူး။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဒုဌဝတီတော်လှန်ရေး အင်အားစု၊ကောင်းကင်တော်လှန်ရေး အင်အားစုတပ်ခွဲ (၁)၊ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်များကလည်း စဉ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် နွယ်ရုံရဲစခန်းနှင့် စစ်အုပ်စုတပ်စွဲရာ ပိုဝတောင်ရွာစခန်းတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအုပ်စုဝင် ၆ ဦးသေဆုံးကြောင်း ဒေသတွင်း PDF အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။