Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အရေးယူဆောင်ရွက်ရန် အာဆီယံနိုင်ငံများကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိရောက်စွာကိိုင်တွယ်ဖြေရှင်းနိုင်ရနန် အာဆီယံအနေဖြင့် ဘုံဆုံးဖြတ်ချက် အသစ်တစ်ရပ်ကို ထပ်မံချမှတ်ရမည်ဟု မလေးရှားဝန်ကြီးချုပ်က ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီကို အရေးယူဆောင်ရွက်ရန် အာဆီယံနိုင်ငံများကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း
စစ်ကောင်စီကို အရေးယူဆောင်ရွက်ရန် အာဆီယံနိုင်ငံများကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း

စစ်ကောင်စီဦးဆောင်သည့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အာဆီယံနိုင်ငံများက အရေးယူဆောင်ရွက်ရန် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ယနေ့ တိုက်တွန်းပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ခရီးစဥ်ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ်သည် Philippines-Ddiliman တက္ကသိုလ်က ပေးအပ်သည့် ဥပဒေ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ လက်ခံရယူအပြီးတွင် အာဆီယံအသင်းကြီးအနေဖြင့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ခေတ်တိုင်း သယ်ပိုးနေရမည်ဖြစ်ကြောင်း ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကြားဝင်မစွက်ဖက်ရေးဟာ ဥပက္ခာပြုဖို့ လိိုင်စင်မဟုတ်ပါဘူး။ သိပ်မကြာခင်က ကျွန်တော် ဘန်ကောက်မှာ ပြောခဲ့တဲ့ မြန်မာကို(အာဆီယံကနေ)ဖယ်ထုတ်ထားဖို့ဆိုတာ ဗြောင်ကျကျလူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အရေးယူခြင်းပါပဲ။ ဒါက အာဆီိယံရဲ့ အရေးပါတဲ့ စံနှုန်းတွေထဲက တစ်ခုကို ခိိုင်ခိိုင်မာမာကျယ်ကျယ်ပြန့်ပြန့်ရပ်တည်တာကိို ပြသတာပါ။ ဒီလိုမှမဟုတ်ရင် တရားမျှတမှုနဲ့ ဥပဒေစိုးမိုးရေး အကြောင်းတရားကို ထိိန်းသိိမ်းဖို့ မဖြစ်နိုင်သလောက်ပါပဲ” ဟု မလေးရှားဝန်ကြီးချုပ်က ဆိုသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိရောက်စွာကိိုင်တွယ်ဖြေရှင်းနိုင်ရနန် အာဆီယံအနေဖြင့် ဘုံဆုံးဖြတ်ချက် အသစ်တစ်ရပ်ကို ထပ်မံချမှတ်ရမည်ဟု မလေးရှားဝန်ကြီးချုပ်က ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ကိုးကား – GMA News

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။