Connect with us

Hi, what are you looking for?

သတင်း

CRPH နှင့် NUG ခေါင်းဆောင်များ၏ ဓာတ်ပုံအသုံးပြုပြီး ပြောစကားအတုများဖြင့် အချင်းချင်း အမြင်မှားအောင် စစ်ကောင်စီ လုပ်ဆောင်နေ

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တော်လှန်ရေးအင်အားစုများ ညီညီညွတ်ညွတ်ဖြစ်သွားမည်ကို အကြောက်ဆုံးဖြစ်သည်ဟု ဦးနေဘုန်းလတ်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်အချို့၏ ဓာတ်ပုံများသုံးပြီး ပြောစကားအတုများ ဖန်တီးကာ အချင်းချင်း အမြင်မှားစေရန် စစ်ကောင်စီက ဖန်တီးလျက်ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးအောင်ကြည်ညွန့်၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUG အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်တို့၏ ဓာတ်ပုံများကို သုံးပြီး ၎င်းတို့ မပြောကြားခဲ့သည့် စကားများဖြင့် တွဲဖက်ကာ စစ်ကောင်စီက တော်လှန်ရေးအင်အားစုများအကြား သွေးကွဲစေရန်နှင့် ပြည်သူလူထု အမြင်မှားအောင် လုပ်ဆောင်နေသည်ဟုဆိုသည်။

CRPH နှင့် NUG ခေါင်းဆောင်များ၏ ဓာတ်ပုံအသုံးပြုပြီး ပြောစကားအတုများဖြင့် အချင်းချင်း အမြင်မှားအောင် စစ်ကောင်စီ လုပ်ဆောင်နေ
CRPH နှင့် NUG ခေါင်းဆောင်များ၏ ဓာတ်ပုံအသုံးပြုပြီး ပြောစကားအတုများဖြင့် အချင်းချင်း အမြင်မှားအောင် စစ်ကောင်စီ လုပ်ဆောင်နေ

“စကစဘက်က အခုလို Quate အတုတွေလုပ်ပြီး တော်လှန်ရေးအင်အားစုတွေကို ထိုးခွဲဖို့ လုပ်လာတာ တွေ့ရပါတယ်။ ဒီစကားတွေကို ဒီလူတွေ မပြောခဲ့ကြပါဘူး”ဟု NUGနှင့် CRPH ခေါင်းဆောင်များနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

စစ်ကောင်စီဖြန့်ဝေနေသည့် အဆိုပါ ပြောစကား အတု ဖန်တီးချက်များတွင် “ ဗမာပြည်နယ်တွေ ဖက်ဒရယ်ဖွဲ့စည်း်ပုံတွေဆိုတာ အမေစုမပါဘဲ ကျွန်တော်တို့ သဘောနဲ့ ဆုံးဖြတ်ချက် ချလို့မရဘူး။ အဲတော့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ချင်ရင် တိုင်းရင်းသားတွေအားလုံးက အမေစု ပြန်လွတ်လာအောင် စစ်တိုက်ပေး”၊ “ စစ်အာဏာရှင်ပြုတ်ကျသွားရင် ကျနော်တို့ ဦးဆောင်အုပ်ချုပ်မယ့် ဖက်ဒရယ်ပြည်ထောင်စုမှာ ၁၀နှစ်လောက် အတူနေကြည့်ပါ ၁၀နှစ်ပြည့်လို့ကြိုက်ရင် ဆက်နေပါ။ မကြိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့တဲ့ ကတိအတိုင်း ခွဲထွက်ချင် ထွက်နိုင်ပါတယ်”စသည့် အမှန်တကယ် ပြောဆိုခြင်းမရှိသည့် စကားများကို ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တော်လှန်ရေးအင်အားစုများ ညီညီညွတ်ညွတ်ဖြစ်သွားမည်ကို အကြောက်ဆုံးဖြစ်သည်ဟု ဦးနေဘုန်းလတ်က ပြောသည်။

“အဲဒီအတွက်ကြောင့်မို့လို့လည်း ရတဲ့နေရာကနေ ထိုးခွဲဖို့ ကြိုးစားခဲ့တယ်။ ဒါတွေလည်း ရှေ့မှာလည်း ကျနော်တို့ ခဏခဏ ပြောခဲ့ပါတယ်။ သူကတော့ သွေးခွဲမယ် အဲဒီတော့ ကျနော်တို့ သွေးမကွဲဖို့ အရေးကြီးတယ်။ သူကတော့ အချိန်ဆွဲမယ် အချိန်ဆွဲ မခံဖို့ အရေးကြီးတယ် နောက်ပြီးသူက လမ်းလွဲအောင်လုပ်မယ်ပေါ့နော် အဲဒါကိုလည်း လမ်းအလွှဲမခံဖို့ပေါ့။ အချိန်မဆွဲပါနဲ့ သွေးမကွဲပါနဲ့ လမ်းမလွဲပါနဲ့ ဆိုပြီးတော့ ကိုမင်းကိုနိုင်လည်း ပြောခဲ့ဖူးတယ်။ ဒါ တော်လှန်ရေးအတွက် သိပ်လည်း အရေးကြီးတဲ့ ကိစ္စပါ”ဟု ဦးနေဘုန်းလတ်က ပြောသည်။

ယခု ဖြန့်ဝေနေသည့် ပြောစကားအတုများမှာလည်း သွေးခွဲရန် ရည်ရွယ်ချက်ဖြင့်ဖန်တီးလုပ်ကြံနေခြင်းဖြစ်ကြောင်း၊ ဖြန်သည့် ပုံစံနှင့် စာရိုက်သည့် ပုံစံများကို ကြည့်ပါက တစ်နေရာတည်းက လုပ်ပြီး ရည်ရွယ်ချက်ရှိရှိ ဖြန်နေ့သည်မှာ သိသာထင်ရှားကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။