Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့သို့ ရိက္ခာပို့လာသည့် စစ်အုပ်စုအားတိုက်ခိုက် ရာ ခြောက်ဦးသေဟုဆို

တိုက်ပွဲမှာ ဖေဖော်ဝါရီ ၄ရက်က ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း၊ အမှတ်(၂)တပ်ရင်းနှင့် အမှတ် (၇) တပ်ရင်းတို့မှ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

(ယခုလ ၄ ရက်တိုက်ပွဲ အခြေအနေနှင့် စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်း)
(ယခုလ ၄ ရက်တိုက်ပွဲ အခြေအနေနှင့် စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်း)

▪️လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့သိမ်းဆည်းရမိ

မကွေးတိုင်း၊ မြိုင်မြို့သို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့အား တိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့သိမ်းဆည်းရရှိကြောင်း အဆိုပါ တိုက်ပွဲတွင်ပါဝင်ခဲ့သော ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ဖေဖော်ဝါရီ ၄ရက်က ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း၊ အမှတ်(၂)တပ်ရင်းနှင့် အမှတ် (၇) တပ်ရင်းတို့မှ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

(ယခုလ ၄ ရက်တိုက်ပွဲ အခြေအနေနှင့် စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်း)
(ယခုလ ၄ ရက်တိုက်ပွဲ အခြေအနေနှင့် စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်း)

စစ်ကောင်စီဘက်မှ ခြောက်ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့သိမ်းဆည်းရခဲ့သည်ဟု ဆိုသည်။

“နှစ်ဖက်ညှပ်အနေအထားကနေ ရအောင်တိုက်ခဲ့တာဆိုတော့ အန္တရာယ်တော့များတယ်။ ဒါပေမယ့် ဖြစ်အောင်လုပ်ခဲ့တာပဲ”ဟု အဆိုပါ တိုက်ပွဲတွင်ပါဝင်ခဲ့သော ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

တော်လှန်ရေးကာလ ​​ကြာမြင့်လာချိန်တွင် တပ်ဖွဲ့အချင်းချင်း ပူးပေါင်းလုပ်ဆောင်နိုင်မှုများလည်းပိုမိုကောင်းမွန်လာပြီး ယခင်ကထက်ပိုမိုစည်းစနစ်ကျစွာ တိုက်ပွဲများဖော်ဆောင်လာနိုင်ပြီဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။