Connect with us

Hi, what are you looking for?

သတင်း

စစ်ဒေသ(၁)နယ်မြေတိုက်ပွဲများတွင် စစ်ကောင်စီတပ် ၄,၄၀၀ ကျော်သေ၊ လက်နက် ၁၈၉ လက်၊ ခဲယမ်း၊ ကျည်များစွာရဟု NUG ကာကွယ်ရေးထုတ်ပြန်

NUG ကာကွယ်ရေး၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ တိုက်ပွဲ စုစုပေါင်း ၂,၅၀၀ နီးပါးအနက် ထိတွေ့တိုက်ပွဲ ၁၅၀၀ ကျော်၊ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၁၀၀ ကြိမ်၊ စခန်းသိမ်းတိုက်ပွဲ ၁၅၆ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၆၇၀ ကျော် ဖြစ်သည်။

(စစ်ကိုင်းတိုင်း အညာဒေသရှိတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးက လက်နက်ကြီးပစ်ခတ်နေစဥ်နှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - U Pyay/FB)
(စစ်ကိုင်းတိုင်း အညာဒေသရှိတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးက လက်နက်ကြီးပစ်ခတ်နေစဥ်နှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - U Pyay/FB)

▪️တိုက်ပွဲပေါင်း ၂,၅၀၀ နီးပါးအနက် စခန်းသိမ်းတိုက်ပွဲ ၁၅၀ကျော်ပါဝင်ဟု အသိပေး

▪️တော်လှန်ရေး ရဲဘော် ၃၆၁ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသနယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၂,၅၀၀ ခန့်ဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ ဒေသများ၌ ၂၀၂၁ အောက်တိုဘာလမှ ၂၀၂၂ ဒီဇင်ဘာလအထိ (၁၅)လအတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့် နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs(တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်) ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း အသိပေးသည်။

(စစ်ကိုင်းတိုင်း အညာဒေသရှိတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးက လက်နက်ကြီးပစ်ခတ်နေစဥ်နှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - U Pyay/FB)
(စစ်ကိုင်းတိုင်း အညာဒေသရှိတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးက လက်နက်ကြီးပစ်ခတ်နေစဥ်နှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – U Pyay/FB)

တိုက်ပွဲပေါင်း ၂,၄၆၀ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ ၄,၄၆၇ ဦး သေဆုံးကာ ၄,၆၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော် ၃၆၁ ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရကာ ၄၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ရန်သူ့ထံမှ လက်နက်မျိုးစုံ ၁၈၉လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားရာဒေသများ၌ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသော်လည်း ပူးပေါင်းပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်၏အမည်များကို ဖော်ပြမထားပေ။

(စစ်ကိုင်းတိုင်း အညာဒေသရှိတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးက လက်နက်ကြီးပစ်ခတ်နေစဥ်နှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - U Pyay/FB)
(စစ်ကိုင်းတိုင်း အညာဒေသရှိတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးက လက်နက်ကြီးပစ်ခတ်နေစဥ်နှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – U Pyay/FB)

ရှမ်းမြောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်းတပ်တော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA) စသည့် တော်လှန်ရေးတပ်များ လှုပ်ရှားပြီး စစ်ကိုင်းတွင် KIAတပ်များနှင့် ဒေသခံ PDF များ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။ ထို့ပြင် စစ်ကိုင်းနှင့် ချင်းပြည်နယ် အစပ် နယ်မြေများ၌လည်း ဒေသကာကွယ်ရေးတပ်နှင့် ချင်းတပ်များ ပူးပေါင်းပြီး တိုက်ပွဲဝင်လျက်ရှိသည်။

စစ်ဒေသ(၁) တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး NUG ပြောရေးဆိုခွင့်ရှိသူ နှင့် စစ်ဒေသ(၁) နယ်မြေရှိ တိုင်းရင်းသားတပ် ပြောရေးဆိုခွင့်ရှိသူ အချို့ကို ဆက်သွယ်ခဲ့ရာ လတ်တလော အဆက်အသွယ်မရသေးပေ။

(စစ်ကိုင်းတိုင်း အညာဒေသရှိတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးက လက်နက်ကြီးပစ်ခတ်နေစဥ်နှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - U Pyay/FB)
(စစ်ကိုင်းတိုင်း အညာဒေသရှိတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးက လက်နက်ကြီးပစ်ခတ်နေစဥ်နှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – U Pyay/FB)

NUG ကာကွယ်ရေး၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ တိုက်ပွဲ စုစုပေါင်း ၂,၅၀၀ နီးပါးအနက် ထိတွေ့တိုက်ပွဲ ၁၅၀၀ ကျော်၊ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၁၀၀ ကြိမ်၊ စခန်းသိမ်းတိုက်ပွဲ ၁၅၆ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၆၇၀ ကျော် ဖြစ်သည်။

NUG အနေဖြင့် ယခုနှစ်တွင် စစ်ရေးအရှိန်မြှင့်တင်မည်ဟု အသိပေးထားပြီး ဗျူဟာအရ ဆောင်ရွက်သည့် စစ်ဆင်ရေးများ ပိုမိုပြုလုပ်လာကာ တစ်ချိန်တည်း တစ်ပြိုင်တည်း နေရာအများအပြား၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ပြုလုပ်လာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်