Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဆိုင်းတောင်တိုက်ပွဲ စစ်ကောင်စီတပ် ၈ဦးသေဟုဒေသခံပြော

မတ်လ ၅ရက် ညပိုင်းက ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာသို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-The Newyourk Times)
(KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-The Newyourk Times)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသ၌ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈ဦးသေဆုံးခဲ့ကြောင်း သိရသည်ဟု ဖားကန့်ဒေသခံက ပြောသည်။

မတ်လ ၅ရက် ညပိုင်းက ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာသို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ဆိုင်းတောင်က နှစ်ဖက်တိုက်ပွဲဖြစ်တာ။ အဲဒါသူတို့ဘက်က ၈ယောက်ကျတယ် တော်တော်များများ ဒဏ်ရာရတယ်တဲ့။ KIA ဘက်ကတော့ အထိအခိုက်မရှိဘူးတဲ့” ဟု ဖားကန့်ဒေသခံက ပြောသည်။

ထို့အပြင်မတ်လ ၆ရက်တွင်လည်း ဆယ်ဇင်းဒေသ မှန်စိမ်းအရပ်၌ KIAနှင့် စစ်ကောင်စီ/ရှမ်းနီပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံက ပြောသည်။ယင်းတိုက်ပွဲ၌လည်း စစ်ကောင်စီပူးပေါင်းအဖွဲ့က ​သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု အထက်ပါ​ဒေသခံက​ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီမင်းအောင်လှိုင် စစ်ခွေးတွေ အကုန်လုံး မြန်မြန်ပြုတ်ကျသွားဖို့ပဲ အရေးကြီးတယ်။ အာဏာရှင်စနစ် ပြုတ်ကျသွားဖို့ပဲအရေးကြီးတယ်။ ပြည်သူတွေကို အကုန်လုံး ဒုက္ခပေးပြီး တစ်နိုင်ငံလုံးကို ဒုက္ခပေးနေတာဆိုတော့လေ” ဟု ဒေသခံက မှတ်ချက်ပြုသည်။

ဆိုင်းတောင်ဒေသတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။