Connect with us

Hi, what are you looking for?

သတင်း

၂၀၀၈ ခြေဥလက်ခံသည့် နိုင်ငံရေးပါတီများ ရန်သူအဖြစ်သတ်မှတ်ကြောင်း KIA အသိပေးထားသော်လည်း ကချင် KSPPပါတီ စစ်ကောင်စီထံ မှတ်ပုံတင်လျောက်

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲရေးအတွက် အယောင်ပြပြုလုပ်ရန်စီစဉ်နေသည့် ရွေးကောက်ပွဲအား တော်လှန်ရေးရဲဘော် များနှင့် တော်လှန်ရေးအင်အားစုများက အပြင်းအထန်ကန့်ကွက်ထားသည်။

(ကချင် KSPPပါတီဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင် KSPPပါတီဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)သည် စစ်ကောင်စီဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်ထံသို့ ယမန်နေ့ (မတ်လ ၇ရက်)က ပါတီ ဆက်လက်တည်ထောင်ခွင့် မှတ်ပုံတင် လျှောက်ထားခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာ၌ ဖော်ပြထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဒုဥက္ကဋ္ဌဟောင်းဖြစ်သည့် ဒေါက်တာတူးဂျာ ဦးဆောင်ပြီး ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ ပူးပေါင်းဖွဲ့စည်းထားသည့် KSPPအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လက်ခံပါက ရန်သူအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း KIO/KIAက အသိပေးထားသည့် ကြားမှ ယခုကဲ့သို့ မှတ်ပုံတင်လာခြင်းဖြစ်သည်။

ယင်းသို့ KSPP က စစ်ကောင်စီထံ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီး KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံသို့ သဘောထားမေးမြန်းရာ မှတ်ချက်မပေးနိုင်သေးကြောင်း ဖြေကြားသည်။

KSPPတာဝန်ရှိသူအချို့ထံသို့ ဆက်သွယ်ရာတွင် လည်း အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

KSPP၏ ယခုနှစ် ဖေဖော်ဝါရီ ၄ရက် ကြေညာချက်တွင် ဒုတိယအကြိမ် ပါတီညီလာခံက KSPP ၏ တည်တံ့ခိုင်မြဲရေးကို ပါတီအနေဖြင့် ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်ရန် သဘောတူညီဆုံးဖြတ်ခဲ့ကြောင်း အသိပေးထားသည်။

KIA အနေဖြင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံကာ နိုင်ငံရေးပါတီ တည်ထောင်သူများကို ရန်သူအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ၂၀၂၂မေလက အသိပေးထားသည်။

“KIO အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံဘူး။လက်ခံပြီး ပါတီတွေ ထောင်ရင်တော့ ရန်သူအဖြစ် သတ်မှတ်ထားမှာ ဖြစ်တယ်”ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်၊BGF လက်နက်ကိုင်အဖွဲ့များကိုလည်း စစ်ရေးရန်သူအဖြစ် သတ်မှတ်ကြောင်း အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲရေးအတွက် အယောင်ပြပြုလုပ်ရန်စီစဉ်နေသည့် ရွေးကောက်ပွဲအား တော်လှန်ရေးရဲဘော် များနှင့် တော်လှန်ရေးအင်အားစုများက အပြင်းအထန်ကန့်ကွက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။