Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးတွင် အလင်းဝင်လာသည့် တပ်နှင့်ရဲများကို ကာကွယ်ရေးဝန်ကြီးဌာန ဂုဏ်ပြုလက်မှတ်များပေးအပ်

အခမ်းအနားသို့ ကြာအင်းဆိပ်ကြီးမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်၊ KNU/KNLA တပ်ရင်း(၁၇) ၊တပ်ခွဲ – ၂ မှ ဒုတိယတပ်ခွဲမှူး၊ နဂါးနီစစ်ကြောင်းမှူးနှင့် စစ်ကြောင်းတပ်ခွဲမှူးများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်များနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

(အလင်းဝင်လာသည့် တပ်နှင့်ရဲများကို ကာကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြု လက်မှတ်များပေးအပ်နေစဥ်။ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း)
(အလင်းဝင်လာသည့် တပ်နှင့်ရဲများကို ကာကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြု လက်မှတ်များပေးအပ်နေစဥ်။ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အလင်းဝင်ရောက်လာကြသော သူရဲကောင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သည့် အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာကာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ပြည်သူ့ရင်ခွင်ထံသို့ ခိုလှုံလာကြသော တပ်မတော်သား CDM သူရဲကောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် CDM သူရဲကောင်းများအတွက် အသိအမှတ်ပြု လက်မှတ်များကို ကြာအင်းဆိပ်ကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တစ်ဆင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အခမ်းအနားသို့ ကြာအင်းဆိပ်ကြီးမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်၊ KNU/KNLA တပ်ရင်း(၁၇) ၊တပ်ခွဲ – ၂ မှ ဒုတိယတပ်ခွဲမှူး၊ နဂါးနီစစ်ကြောင်းမှူးနှင့် စစ်ကြောင်းတပ်ခွဲမှူးများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်များနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

လက်နက်ကြီးလေကြောင်း ပစ်ခတ်ခြင်း၊ ဒေသခံများကို လူသားဒိုင်း ပြုလုပ်ခြင်းအပါအဝင် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုကြောင့် CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားသည် PDF ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်ပြီး စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ပွဲဝင်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေရပြီး CDMမပြုလုပ်နိုင်သေးသည့်သူများအနေဖြင့်လည်း ရောက်သည့်နေရာရှိသည့်နေရာမှ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နိုင်ရေးအတွက် ဖရဲသီးအဖြစ် သတင်းပေးပို့နိုင်ရန် သတင်းပေးပို့နိုင်မည့် လမ်းကြောင်းကို ဖွင့်လှစ်ထားကြောင်း အသိပေးထားသည်။

ထို့ပြင် မြေပြင်တွင် CDM ပြုလုပ်ကာ ပြည်သူလူထုထံသို့ အလင်းဝင်လာသူများကိုလည်း သက်ဆိုင်ရာ စစ်ဒေသအလိုက်တာဝန်ရှိသူများနှင့်ချိတ်ဆက်ကာကြိုဆိုနေပြီး ချီးမြှင့်ငွေများ ပေးအပ်သွားမည်ဟု ထုတ်ပြန်သည်။

ရန်သူ့စစ်တပ်၏ အကြမ်းဖက်မှူများ၊ တပ်တည်၊ တပ်လှုပ်သတင်းများ၊ အကြမ်းဖက်ထောက်တိုင်များ၏ သတင်းအချက်အလက်များကို Telegram – https://t.me/info2mod ၊ Email – info2mod@mod.nugmyanmar.org ၊ လေကြောင်းသတင်းပေးပို့ရန် Telegram – https://t.me/MASurveillance24 နှင့် ဖရဲသီးများ ဆက်သွယ် သတင်းပေးပို့ရန် Telegram – https://t.me/myanmarpeople၊ Facebook – https://www.facebook.com/PeoplesEmbrace သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။