Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးတွင် အလင်းဝင်လာသည့် တပ်နှင့်ရဲများကို ကာကွယ်ရေးဝန်ကြီးဌာန ဂုဏ်ပြုလက်မှတ်များပေးအပ်

အခမ်းအနားသို့ ကြာအင်းဆိပ်ကြီးမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်၊ KNU/KNLA တပ်ရင်း(၁၇) ၊တပ်ခွဲ – ၂ မှ ဒုတိယတပ်ခွဲမှူး၊ နဂါးနီစစ်ကြောင်းမှူးနှင့် စစ်ကြောင်းတပ်ခွဲမှူးများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်များနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

(အလင်းဝင်လာသည့် တပ်နှင့်ရဲများကို ကာကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြု လက်မှတ်များပေးအပ်နေစဥ်။ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း)
(အလင်းဝင်လာသည့် တပ်နှင့်ရဲများကို ကာကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြု လက်မှတ်များပေးအပ်နေစဥ်။ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အလင်းဝင်ရောက်လာကြသော သူရဲကောင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သည့် အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာကာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ပြည်သူ့ရင်ခွင်ထံသို့ ခိုလှုံလာကြသော တပ်မတော်သား CDM သူရဲကောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် CDM သူရဲကောင်းများအတွက် အသိအမှတ်ပြု လက်မှတ်များကို ကြာအင်းဆိပ်ကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တစ်ဆင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အခမ်းအနားသို့ ကြာအင်းဆိပ်ကြီးမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်၊ KNU/KNLA တပ်ရင်း(၁၇) ၊တပ်ခွဲ – ၂ မှ ဒုတိယတပ်ခွဲမှူး၊ နဂါးနီစစ်ကြောင်းမှူးနှင့် စစ်ကြောင်းတပ်ခွဲမှူးများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်များနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

လက်နက်ကြီးလေကြောင်း ပစ်ခတ်ခြင်း၊ ဒေသခံများကို လူသားဒိုင်း ပြုလုပ်ခြင်းအပါအဝင် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုကြောင့် CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားသည် PDF ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်ပြီး စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ပွဲဝင်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေရပြီး CDMမပြုလုပ်နိုင်သေးသည့်သူများအနေဖြင့်လည်း ရောက်သည့်နေရာရှိသည့်နေရာမှ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နိုင်ရေးအတွက် ဖရဲသီးအဖြစ် သတင်းပေးပို့နိုင်ရန် သတင်းပေးပို့နိုင်မည့် လမ်းကြောင်းကို ဖွင့်လှစ်ထားကြောင်း အသိပေးထားသည်။

ထို့ပြင် မြေပြင်တွင် CDM ပြုလုပ်ကာ ပြည်သူလူထုထံသို့ အလင်းဝင်လာသူများကိုလည်း သက်ဆိုင်ရာ စစ်ဒေသအလိုက်တာဝန်ရှိသူများနှင့်ချိတ်ဆက်ကာကြိုဆိုနေပြီး ချီးမြှင့်ငွေများ ပေးအပ်သွားမည်ဟု ထုတ်ပြန်သည်။

ရန်သူ့စစ်တပ်၏ အကြမ်းဖက်မှူများ၊ တပ်တည်၊ တပ်လှုပ်သတင်းများ၊ အကြမ်းဖက်ထောက်တိုင်များ၏ သတင်းအချက်အလက်များကို Telegram – https://t.me/info2mod ၊ Email – info2mod@mod.nugmyanmar.org ၊ လေကြောင်းသတင်းပေးပို့ရန် Telegram – https://t.me/MASurveillance24 နှင့် ဖရဲသီးများ ဆက်သွယ် သတင်းပေးပို့ရန် Telegram – https://t.me/myanmarpeople၊ Facebook – https://www.facebook.com/PeoplesEmbrace သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ -၂၃၅ ၊ ၂၅၃)နှင့် ခြေမြန်တပ်ရင်း (ခမရ- ၁၁၃)တို့်မှ စစ်မှုထမ်းတပ်သားသစ် ကိုးဦး လက်နက်များဖြင့် အလင်းဝင်လာကြောင်း နွားထိုးကြီး PDFက ယနေ့(မတ်လ ၁၄ရက်)တွင် ထုတ်ပြန်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏တပ်မှူးသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏အုပ်ချုပ်ရေးနယ်မြေတနေရာတွင် မတ်လ ၈ရက်က ကျင်းပခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို အလင်းဝင်ဖို့ လက်ကမ်းစာစောင်တွေ ဒရုန်းနဲ့ ကျဲချပြီးတဲ့နောက် ပျူအဖွဲ့ဝင်တဦး လက်နက်ခဲယမ်းနဲ့တကွ ထပ်မံ အလင်းဝင်လာခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်တွင်း၌ ဖိနှိပ်မှုအလွန်များပြား၍ ကျန်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ကြရန် အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသော တပ်သား စိုးလင်းအောင်က တိုက်တွန်းလိုက်သည်။