Connect with us

Hi, what are you looking for?

သတင်း

Chinlung Chuak Artist အဖွဲ့ ကို ယာယီသမ္မတချီးကျူးဂုဏ်ပြု

သတင်းအချက်အလက်ပေါင်းများစွာအလွန်လျင်မြန် လွတ်လပ်စွာ စီးဆင်းနေ​သော ၂၁ ရာစုတွင် အကြောင်းကိစ္စတစ်ခုကို နိုင်ငံတကာ၏ အာရုံစူးစိုက်မှု အမြဲရယူနိုင်အောင် လုပ်ရန် မလွယ်ကူ​ကြောင်း ဒူးဝါလရှီလက ​ပြောကြားသည်။

Chinlung Chuak Artist အဖွဲ့ ကို ယာယီသမ္မတချီးကျူးဂုဏ်ပြု
Chinlung Chuak Artist အဖွဲ့ ကို ယာယီသမ္မတချီးကျူးဂုဏ်ပြု

We are The World ကာဗာသီချင်းဖြင့် မြန်မာ့နွေဦး တော်လှန်ရေးကို နိုင်ငံတကာမှ စိတ်ဝင်စားမှုရအောင် လုပ်နိုင်ခဲ့သည် Chinlung Chuak Artist အဖွဲ့ ကို ကျေးဇူးတင်ကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရယာယီသမ္မတဒူးဝါလရှီးလ ကဂုဏ်ပြုလိုက်သည်။

“သက်တမ်း ၂နှစ်ရှိလာတဲ့ကျွန်တော်တို့ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းကို ကမ္ဘာ့မီဒီယာထဲစဉ်ဆက်မပြတ်စီးမြောပါဝင်နေအောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာသတိထားမိပါတယ်။ကျွန်တော်တို့ပြည်သူတွေဟာစစ်အာဏာရှင်တိုက်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံပံ့ပိုးမှု လိုအပ်လို့ပဲဖြစ်ပါတယ်။ရဖို့ခက်ခဲသလောက်လိုအပ်တဲ့ကမ္ဘာ့စိတ်ဝင်စားမှုကို မြန်မာ့နွယ်ဖွား ချင်းတိုင်းရင်းသားလူငယ်တွေ ဦးဆောင်တဲ့ Chinlung Chuak Artist အဖွဲ့က သူတို့ရဲ့ အနုပညာဖန်တီးမှု စွမ်းအားနဲ့ ရယူပေးနိုင်ခဲ့တာကို တွေ့ရပါတယ်”ဟုယာယီသမ္မတဒူးဝါလရှီးလကချီးကျူးသည်။

ထို​ကြောင့်သီချင်းကိုစီစဉ်အကောင်အထည်ဖော်ပါဝင်ကြိုးပမ်းခဲ့ကြသူတိုင်းကိုမြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများနှင့် မြန်မာပြည်သူများကိုယ်စားအထူးပင်ကျေးဇူးတင်ရှိ ကြောင်း ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်​ကြောင်း​ဖော်ပြထား သည်။

သတင်းအချက်အလက်ပေါင်းများစွာအလွန်လျင်မြန် လွတ်လပ်စွာ စီးဆင်းနေ​သော ၂၁ ရာစုတွင် အကြောင်းကိစ္စတစ်ခုကို နိုင်ငံတကာ၏ အာရုံစူးစိုက်မှု အမြဲရယူနိုင်အောင် လုပ်ရန် မလွယ်ကူ​ကြောင်း ဒူးဝါလရှီလက ​ပြောကြားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

Chinlung Chuak Artist အဖွဲ့၏ We are The World ကာဗာသီချင်းဗီဒိယိုကို တစ်လကျော်ကာလအတွင်း You Tube ၌ ကြည့်ရှူသူ ၁.၇ သန်းကျော်ရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီး Youtuber များကလည်း ယင်းဗီဒီယိုဖိုင်အပေါ် Reaction Video များစွာပြုလုပ်ပြီး ပြန်လည်ဖြန့်ချီခဲ့ကြသောကြောင့် ပျံ့နှံ့ပြီးနိုင်ငံတကာ၏ စိတ်ဝင်စားမှုပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

“ဒီမိုကရေစီကြီးစိုးတဲ့ နိုင်ငံတွေမှာ ပြည်သူစိတ်ဝင် စား မှုရှိရင် နိုင်ငံ့အစိုးရနဲ့ နိုင်ငံရေး မူဝါဒချမှတ်နိုင်သူတွေဆီကိုပါ သက်ရောက် ရိုက်ခတ်မှုရှိတာ ထုံးစံပါပဲ။ ဒါကြောင့် ကမ္ဘာတဝှမ်းမှာရှိတဲ့ ပြည်သူတွေက မြန်မာ့နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင်စားမှုကြီးမားလာတာနဲ့ အမျှ ကျွန်တော်တို့တော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ အထောက်အပံ့ပေးမှုကလည်း များပြား ပေါ်လွင်လာမယ်လို့ ယုံကြည်ပါတယ်။” ဟု ယာယီသမ္မတက​​ပြောသည်။

ထို့ကဲသို့သီချင်းဖန်တီးမှုမျိုးသည် တော်လှန်ရေးအတွက် အရေးပါသည့် အရာဖြစ်သောကြောင့် မြန်မာလူငယ်များအနေဖြင့် ဆက်လက်လုပ်ဆောင်သွားရန် အားပေးလိုကြောင်း လည်းNUG ယာယီသမ္မတကတိုက်တွန်းသည်။

We are The World သီချင်းကို မီဇိုရမ်ရောက် ချင်းတိုင်းရင်းသား အဆိုရှင်များ နှင့် မီဇိုရမ်မှ နာမည်ကြီး အနုပညာရှင် စုစုပေါင်း ၂၅ ဦးကပါဝင်သီဆိုထားခြင်းဖြစ်ပြီး Coda Band က​နေတီးခတ်​ပေးထားသည်။

ချင်းတိုင်းရင်းသား အဆိုတော်များတွင် သီချင်းဆို ပြိုင်ပွဲများမှ ပရိသတ်အားပေးမှု ရရှိလာသည့် ဘင်ဂျမင်ဆုမ်း ၊ ဒေးဗစ်လိုင် တို့ပါဝင်သီဆိုထားသည်ကိုတွေ့ရသည်။

ယင်းသီချင်းကို သီဆိုရာတွင် Chinlung Chauk Artist အဖွဲ့က စစ်​ကောင်စီ၏လေ​ကြောင်းမှ အကြမ်းဖက်တိုက်ခိုက်​နေမှု​များ ၊ ပြည်သူ​များကို ဖမ်းဆီး သတ်ဖြတ် မှုများပြုလုပ်နေသောကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် အကြောင်းအရာများကို ပုံဖော်သီဆိုထားပြီး မြန်မာပြည်သူများ၏ ဒီမိုကရစီနှင့်လူ့အခွင့်အ​ရေးအတွက်တိုက်ပွဲဝင်​နေကြသည်ကို ကမ္ဘာကကူညီပေးကြရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

■ တော်လှန်ရေးလမ်းကြောင်းပေါ်မှာမားမားမတ်မတ် ပြန်လည်ရပ်တည်ရန်အပါအဝင်TNLAလိုက်နာပေးရန်အချက်(၃)ချက်ကို တောင်းဆို ဧပြီ-၁၆၊၂၀၂၆။​နေ့သစ်/People’s Spring သင်္ကြန်ပွဲတော်ကာလအတွင်းမှာ အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့သတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို တအာင်းတပ်မတော်(PSLF/TNLA)က ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့တာဟာ တအာင်းပြည်သူလူထုရဲ့ နိုင်ငံရေး မျှော်မှန်းချက်၊ရပ်တည်ချက်နဲ့ လုံးဝ(လုံးဝ)ဆန့်ကျင်ကွဲလွဲနေတာကြောင့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSNက အချက်(၃)ကို...

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီစခန်း သိမ်းပိုက်မှုမှာ ပါဝင်ပံ့ပိုးပေးတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ကို အသိအမှတ်ပြု ကျေးဇူးတင် ဂုဏ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) က ထုတ်ပြန်ခဲ့ပြီး လူငယ် ရဲဘော်ရဲဘက်များရဲ့ ပေးဆပ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်ကြောင်း ဖော်ပြပါတယ်။