Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးညိုမြို့နယ်တွင် ပျူများဦးဆောင်ပြုလုပ်သော လောင်းကစားဝိုင်း PDF တိုက်ခိုက်၊ သုံးဦးသေ ခုနစ်ဦးဒဏ်ရာရဟုဆို

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအနက် သုံးဦးမှာ ရေကင်းဆေးရုံးရောက်မှ သွေးထွက်လွန်သေဆုံးခြင်းဖြစ်ကာ ကျန်ခုနစ်ဦးမှာ ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

(သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ပျူစောထီးများဦးဆောင်ပြုလုပ်နေသော လောင်းကစားဝိုင်းတစ်ခုအား ယခုနှစ်အတွင်းက တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ပျူစောထီးများဦးဆောင်ပြုလုပ်နေသော လောင်းကစားဝိုင်းတစ်ခုအား ယခုနှစ်အတွင်းက တွေ့ရစဥ်။ဓာတ်ပုံ - CJ)

ပဲခူးတိုင်း မိုးညိုမြို့နယ် ရေကင်းကျေးရွာ ရဲစခန်းအနီရှိ လောင်းကစားဝိုင်းကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ – ၄ မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ (မတ်လ ၁၇ ရက်) နေ့လည် ၁ နာရီခန့်က ရေကင်းရဲစခန်းနောက်ဘက်တွင် ပျူစောထီးများ၊ ပြည်ခိုင်ဖြိုပါတီ အလုပ်အမှုဆောင်များ ဦးဆောင်ပြုလုပ်နေသော လောင်းကစားဝိုင်းအား ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုတွင် ပျူစောထီး ၁၀ဦး ထိခိုက်သေဆုံးသွားသည်ဟု ဆိုသည်။

“သုံးယောက်သေတယ်။ ခုနစ်ယောက်က ရန်ကုန်ဘက်သယ်သွားတယ်။ စုစုပေါင်း ၁၀ ယောက်”ဟု မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအနက် သုံးဦးမှာ ရေကင်းဆေးရုံးရောက်မှ သွေးထွက်လွန်သေဆုံးခြင်းဖြစ်ကာ ကျန်ခုနစ်ဦးမှာ ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မိုးညိုမြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင် ပျူစောထီးများဦးဆောင်၍ ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ ကြက်ဝိုင်းစသည့် လောင်းကစားဝိုင်းများလုပ်ဆောင်လျှက်ရှိရာ ထိုသို့ ဆက်လက်လုပ်ဆောင်နေပါက အရေးယူတိုက်ခိုက်သွားမည်ဖြစ်ကြောင်း မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင်လည်း လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်နေပါက အရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်သည်ဟု မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်အတွင်းကလည်း ရေကင်းအုပ်စု အလယ်ရွာတွင် ပျူစောထီးများဦးဆောင်ပြုလုပ်သော အာဝါဒေးလောင်းကစားဝိုင်းအား မိုးညို PDFက ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။