Connect with us

Hi, what are you looking for?

သတင်း

မိုးညိုတွင် တရားမဝင်ရွေးကောက်ပွဲ အလိုမရှိဗီနိုင်းလာဖြုတ်သည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

အထက်ပါ တိုက်ခိုက်မှုတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ ၄ (မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(ဖေဖော်ဝါရီ ၁ရက်က အသံတိတ်သပိတ်ဆင်နွှဲသည့်နေ့ကတွေ့ရသော မိုးညိုမြို့တွင်း တစ်နေရာ)
(ဖေဖော်ဝါရီ ၁ရက်က အသံတိတ်သပိတ်ဆင်နွှဲသည့်နေ့ကတွေ့ရသော မိုးညိုမြို့တွင်း တစ်နေရာ)

▪️စစ်ကာင်စီတပ်သား ၁၀ဦး ဆေးရုံရောက်ဟုဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်တွင် တရားမဝင်ရွေးကောက်ပွဲ လုံးဝလက်မခံကြောင်း ဗီနိုင်းချိတ်ဆွဲထားသည်ကိုလာဖြုတ်သည့် စစ်ကောင်စီတပ် အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မိုးညိုမြို့နယ်(ပ.က.ဖ) က ပြောသည်။

ဇန်နဝါရီ ၃၀ရက် နံနက် ၉ နာရီခန့်က မိုးညိုမြို့နယ် ဆုံကုန်းကျေးရွာအုပ်စုအနီး ကားလမ်းဘေး၌ ၂၀၂၃ ရွေးကောက်ပွဲ အလိုမရှိ၊ စစ်အာဏာရှင်မလိုမရှိ၊ မင်းအောင်လှိုင်အား ဆဲဆိုထားသည့် စာသားပါ ဗီနိုင်း ချိတ်ဆွဲထားသည်ကို လာဖြုတ်သည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“စစ်သား ဆယ်ယောက်လောက် ဆေးရုံရောက် သွားတယ်။ စစ်ကောင်စီတပ်က သတင်းဖျောက်ထားလို့။ သေမသေတော့ မသိရသေးဘူး”ဟု မိုးညို (ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ် က ဗီနိုင်းချိတ်ဆွဲထားသည့်နေရာအနီးဝန်းကျင် လယ်စောင့်တဲများမှ ဒေသခံတောင်သူ ငါးဦးခန့်အား ဖမ်းဆီးပြီး စစ်ကောင်စီတပ် ခလရ (၁) အခြေစိုက်ရာ စိန်ကန့်လန့်ကျေးရွာသို့ ခေါ်ဆောင်သွားကြောင်း အထက်ပါရဲဘော်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ တိုက်ခိုက်မှုတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ ၄ (မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။