Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးညိုတွင် တရားမဝင်ရွေးကောက်ပွဲ အလိုမရှိဗီနိုင်းလာဖြုတ်သည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

အထက်ပါ တိုက်ခိုက်မှုတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ ၄ (မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(ဖေဖော်ဝါရီ ၁ရက်က အသံတိတ်သပိတ်ဆင်နွှဲသည့်နေ့ကတွေ့ရသော မိုးညိုမြို့တွင်း တစ်နေရာ)
(ဖေဖော်ဝါရီ ၁ရက်က အသံတိတ်သပိတ်ဆင်နွှဲသည့်နေ့ကတွေ့ရသော မိုးညိုမြို့တွင်း တစ်နေရာ)

▪️စစ်ကာင်စီတပ်သား ၁၀ဦး ဆေးရုံရောက်ဟုဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်တွင် တရားမဝင်ရွေးကောက်ပွဲ လုံးဝလက်မခံကြောင်း ဗီနိုင်းချိတ်ဆွဲထားသည်ကိုလာဖြုတ်သည့် စစ်ကောင်စီတပ် အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မိုးညိုမြို့နယ်(ပ.က.ဖ) က ပြောသည်။

ဇန်နဝါရီ ၃၀ရက် နံနက် ၉ နာရီခန့်က မိုးညိုမြို့နယ် ဆုံကုန်းကျေးရွာအုပ်စုအနီး ကားလမ်းဘေး၌ ၂၀၂၃ ရွေးကောက်ပွဲ အလိုမရှိ၊ စစ်အာဏာရှင်မလိုမရှိ၊ မင်းအောင်လှိုင်အား ဆဲဆိုထားသည့် စာသားပါ ဗီနိုင်း ချိတ်ဆွဲထားသည်ကို လာဖြုတ်သည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ စစ်သား ဆယ်ယောက်လောက် ဆေးရုံရောက် သွားတယ်။ စစ်ကောင်စီတပ်က သတင်းဖျောက်ထားလို့။ သေမသေတော့ မသိရသေးဘူး” ဟု မိုးညို (ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ် က ဗီနိုင်းချိတ်ဆွဲထားသည့်နေရာအနီးဝန်းကျင် လယ်စောင့်တဲများမှ ဒေသခံတောင်သူ ငါးဦးခန့်အား ဖမ်းဆီးပြီး စစ်ကောင်စီတပ် ခလရ (၁) အခြေစိုက်ရာ စိန်ကန့်လန့်ကျေးရွာသို့ ခေါ်ဆောင်သွားကြောင်း အထက်ပါရဲဘော်က ဆက်ပြောသည်။

အထက်ပါ တိုက်ခိုက်မှုတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ ၄ (မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။