Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးတွင် ရွှေလုပ်ကွက်လာစစ်ဆေးသည့် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး လေးဦးသေ

“စဥ့်ကူးမြို့နယ်အတွင်းက စစ်သားနဲ့ရဲတွေပါ။ ၄၀ လောက်ပါတယ်။ ရွှေလုပ်ကွက်ကိုလာကြည့်တဲ့သူတွေပါ။ သူတို့ပစ်လိုက်လို့ PDF တစ်ဦး ကျည်ထိတယ်ဆိုပြီး ပြည်သူတွေကို ပေါင်ပြခိုင်းပြီး စစ်ဆေးသွားသေးတယ်။”ဟု ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

(စဉ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာတွင် ဒေသခံတစ်ချို့ ရွှေတူးဖော်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စဉ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာတွင် ဒေသခံတစ်ချို့ ရွှေတူးဖော်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် ရွှေလုပ်ကွက် လာစစ်ဆေးသည့် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးကြောင်း ​ဗိုလ် လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)ခေါင်းဆောင် ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

ယမန်နေ့ (မတ်လ ၁၉ရက်) မွန်းလွဲ ၁နာရီခန့်က စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်သို့ စစ်ဆေးရေးရန်လာသော (၆)စီးပါ စစ်ကောင်စီယာဉ်တန်းအား ရွှေလုပ်ကွက်စစ်ဆေးပြီးအပြန် နွယ်ရုံရွာနှင့် ရေမျက်ကျေးရွာကြားတွင် ပဒေသာမိုင်း(၇)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ် လင်းယုန်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

ယာဉ်(၆)စီးအနက် (၃)စီးအား မိုင်းကွင်းပေါ်‌ ရောက်ရှိချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းထိ ယာဉ်(၃)စီးအနက် တစ်စီးမှာ စက်နှိုး၍ မ‌ရအောင် ထိခိုက်ပျက်စီးသွားကာ အဆိုပါယာဉ်ပေါ်တွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါ ခေါင်းဆောင်က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ကျန်ရှိယာဉ်ပေါ်မှ စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“စဥ့်ကူးမြို့နယ်အတွင်းက စစ်သားနဲ့ရဲတွေပါ။ ၄၀ လောက်ပါတယ်။ ရွှေလုပ်ကွက်ကိုလာကြည့်တဲ့သူတွေပါ။ သူတို့ပစ်လိုက်လို့ PDF တစ်ဦး ကျည်ထိတယ်ဆိုပြီး ပြည်သူတွေကို ပေါင်ပြခိုင်းပြီး စစ်ဆေးသွားသေးတယ်။”ဟု ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မိုင်းကွဲသည့် အနီးနားရှိ နေအိမ်အား ဝင်ရောက်ကာ ရွှေတိုငွေစတို့ယူဆောင်သွားကြောင်း၊နွယ်ရုံမှ ရေမျက်ကျေးရွာသို့လာရာ လမ်းထိပ်တွင်လည်း စစ်ဆေးမှုများလုပ်ဆောင်နေခဲ့ပြီး ဆိုင်ကယ်(၂)စီးအား သိမ်းယူသွား‌ကြောင်း မြေပြင်စောင့်ကြည့်ရဲဘော်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။