Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘာသာရေးနှင့်လူမှုရေးပဋိပက္ခများဖြစ်ပေါ်စေနိုင်သော စစ်ကောင်စီ၏လုပ်ရပ်ကို ရှုတ်ချကန့်ကွက်ကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ထုတ်ပြန်

စက်တင်ဘာ ၁၈ရက်တွင် ချင်းပြည်နယ် ထန်တလန် မြို့ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားရာ စစ်ကောင်စီတပ်က လက်နက်အလွန်အကျွံ အသုံးပြုပစ်ခတ်ခြင်းကြောင့် မြို့ပေါ်လူနေအိမ်များ မီးလောင်ကျွမ်းခဲ့သည်။

စစ်ကောင်စီ၏ ပြုမူလုပ်ဆောင်မှုများသည် လက်ရှိ ဖြစ်ပွားနေသည့် ပြည်တွင်း နိုင်ငံရေးပဋိပက္ခများထက်ပင် ပိုမိုရှုပ်ထွေးကြီးမားသော ဘာသာရေးနှင့်လူမျိုးရေး အသွင်ဆောင်သည့် ပြည်တွင်းပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်သောကြောင့် အပြင်းအထန် ရှုတ်ချကန့်ကွက်ကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သဘော ထား ထုတ်ပြန်သည်။

စက်တင်ဘာ ၁၈ရက်တွင် ချင်းပြည်နယ် ထန်တလန် မြို့ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားရာ စစ်ကောင်စီတပ်က လက်နက်အလွန်အကျွံ အသုံးပြုပစ်ခတ်ခြင်းကြောင့် မြို့ပေါ်လူနေအိမ်များ မီးလောင်ကျွမ်းခဲ့သည်။

ထိုသို့ မီးလောင်နေသော လူနေအိမ်များ မီးငြှိမ်းသက်ရန် ပြင်ဆင်ကြသော နှစ်ခြင်းခရစ်ယာန်လူငယ်များကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာ ပါစတာ ကျုံးဗျက်ဟုမ်း အသက်ဆုံးရှုံးခဲ့ရကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဆိုသည်။

အဆိုပါ သင်းအုပ်ဆရာတော်၏ နာရီ၊ ဖုန်းနှင့် မင်္ဂလာရွှေလက်စွပ်ကိုလည်း လက်ချောင်းဖြတ်၍ လုယူသွားကြောင်း တုန်လှုပ်ခြောက်ခြား၊ နာကြည်းဖွယ်ရာ တွေ့ရှိရသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ရေးတင်းမာမှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းနှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း များတွင်တပ်စွဲခြင်း၊ ဘုရားရှိခိုးကျောင်းများ အတွင်း အရက်သေစာ သောက်စားခြင်း၊သန့်ရှင်းသော သမ္မာ ကျမ်းစာများနှင့် ဓမ္မသီချင်းစာအုပ်များကို ဖျက်ဆီးခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ဘုရား ရှိခိုး ကျောင်း အဆောက်အဦများကို ပစ်ခတ်ဖျက်ဆီးခြင်း၊ နှစ်ဖက်ထိတွေ့တိုက်ပွဲများ၌ အလွန်အကျွံ လက်နက်ကြီးများ အသုံးပြုခြင်းဖြင့် မြို့ရွာအတွင်းရှိ လူနေအိမ်များ မီးလောင်ကျွမ်းခြင်း စသည့် ရိုင်းစိုင်းသော ပြုမူလုပ်ဆောင်ခြင်းတို့သည် မိမိတို့ ယုံကြည်ကိုးကွယ်သည့် ဘာသာတရားကို စော်ကား၍ ထို ဘာသာ တရားကိုသက်ဝင်ယုံကြည်သူ လူမျိုးကိုလည်းမထီမဲ့မြင်ပြုရာရောက်သည်ဟုခံယူကြောင်းဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။