Connect with us

Hi, what are you looking for?

News

ဘာသာရေးနှင့်လူမှုရေးပဋိပက္ခများဖြစ်ပေါ်စေနိုင်သော စစ်ကောင်စီ၏လုပ်ရပ်ကို ရှုတ်ချကန့်ကွက်ကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ထုတ်ပြန်

စက်တင်ဘာ ၁၈ရက်တွင် ချင်းပြည်နယ် ထန်တလန် မြို့ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားရာ စစ်ကောင်စီတပ်က လက်နက်အလွန်အကျွံ အသုံးပြုပစ်ခတ်ခြင်းကြောင့် မြို့ပေါ်လူနေအိမ်များ မီးလောင်ကျွမ်းခဲ့သည်။

စစ်ကောင်စီ၏ ပြုမူလုပ်ဆောင်မှုများသည် လက်ရှိ ဖြစ်ပွားနေသည့် ပြည်တွင်း နိုင်ငံရေးပဋိပက္ခများထက်ပင် ပိုမိုရှုပ်ထွေးကြီးမားသော ဘာသာရေးနှင့်လူမျိုးရေး အသွင်ဆောင်သည့် ပြည်တွင်းပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်သောကြောင့် အပြင်းအထန် ရှုတ်ချကန့်ကွက်ကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သဘော ထား ထုတ်ပြန်သည်။

စက်တင်ဘာ ၁၈ရက်တွင် ချင်းပြည်နယ် ထန်တလန် မြို့ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားရာ စစ်ကောင်စီတပ်က လက်နက်အလွန်အကျွံ အသုံးပြုပစ်ခတ်ခြင်းကြောင့် မြို့ပေါ်လူနေအိမ်များ မီးလောင်ကျွမ်းခဲ့သည်။

ထိုသို့ မီးလောင်နေသော လူနေအိမ်များ မီးငြှိမ်းသက်ရန် ပြင်ဆင်ကြသော နှစ်ခြင်းခရစ်ယာန်လူငယ်များကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာ ပါစတာ ကျုံးဗျက်ဟုမ်း အသက်ဆုံးရှုံးခဲ့ရကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဆိုသည်။

အဆိုပါ သင်းအုပ်ဆရာတော်၏ နာရီ၊ ဖုန်းနှင့် မင်္ဂလာရွှေလက်စွပ်ကိုလည်း လက်ချောင်းဖြတ်၍ လုယူသွားကြောင်း တုန်လှုပ်ခြောက်ခြား၊ နာကြည်းဖွယ်ရာ တွေ့ရှိရသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ရေးတင်းမာမှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းနှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း များတွင်တပ်စွဲခြင်း၊ ဘုရားရှိခိုးကျောင်းများ အတွင်း အရက်သေစာ သောက်စားခြင်း၊သန့်ရှင်းသော သမ္မာ ကျမ်းစာများနှင့် ဓမ္မသီချင်းစာအုပ်များကို ဖျက်ဆီးခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ဘုရား ရှိခိုး ကျောင်း အဆောက်အဦများကို ပစ်ခတ်ဖျက်ဆီးခြင်း၊ နှစ်ဖက်ထိတွေ့တိုက်ပွဲများ၌ အလွန်အကျွံ လက်နက်ကြီးများ အသုံးပြုခြင်းဖြင့် မြို့ရွာအတွင်းရှိ လူနေအိမ်များ မီးလောင်ကျွမ်းခြင်း စသည့် ရိုင်းစိုင်းသော ပြုမူလုပ်ဆောင်ခြင်းတို့သည် မိမိတို့ ယုံကြည်ကိုးကွယ်သည့် ဘာသာတရားကို စော်ကား၍ ထို ဘာသာ တရားကိုသက်ဝင်ယုံကြည်သူ လူမျိုးကိုလည်းမထီမဲ့မြင်ပြုရာရောက်သည်ဟုခံယူကြောင်းဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။