Connect with us

Hi, what are you looking for?

LuduNwayOo

News

အောင်လံလွှင့်ချီနွေဦးထီရဲ့ ထီဖွင့်ရက်မကြာမီကြေညာမယ်

အကြမ်းဖက်စစ်ကောင်စီရဲ့ အဖျက်အမှောင့်လုပ်ဆောင်မှုတွေကြားက တက်ကြွစွာပူးပေါင်းပါဝင် အားပေးခဲ့ကြတဲ့ မိဘပြည်သူအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ ကံထူးရှင်တွေဖြစ်ကြပါ စေလို့ ဆုမွန်ကောင်းတောင်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရောင်းချတဲ့ ‘အောင်လံလွှင့်ချီနွေဦးထီ’ ရဲ့ Pilot Project အောင်မြင်စွာပြီးဆုံးခဲ့ပြီး ထီဖွင့်ရက်ကို မကြာမီကြေညာပေးမယ်လို့ နွေဦးထီမိသားစုက မနေ့က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အဖျက်အမှောင့်လုပ်ဆောင်မှုတွေကြားက တက်ကြွစွာပူးပေါင်းပါဝင် အားပေးခဲ့ကြတဲ့ မိဘပြည်သူအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ ကံထူးရှင်တွေဖြစ်ကြပါ စေလို့ ဆုမွန်ကောင်းတောင်းထားပါတယ်။

“Pilot project ထီဖွင့်ရက်ကိုကြေငြာပေးသွားပြီး ထီပေါက်စဉ်ကိုထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ မိဘပြည်သူများရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကံထူးရှင်များအား အေးဂျင့်များမှတိုက်ရိုက်ဆက်သွယ်အကြောင်းကြားပေးနေမှာဖြစ်ပါတယ်” လို့ နွေဦးထီမိသားစုက ထုတ်ပြန်ပါတယ်။

Pilot project အပြီး ခေတ္တပြင်ဆင်ပြီး ပုံစံအသစ်နဲ့ပြန်လည်စတင်မယ့် Commercial Launch မှာလည်း ဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ကို လေးစားစွာ တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးထီရဲ့ ရောင်းချရငွေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို အကြမ်းဖက်စစ်ကောင်စီကို အာဏာဖီ ဆန်ကြတဲ့ နိုင်ငံ့ဝန်ထမ်း CDMer တွေ အတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုကြေး ငွေအဖြစ် သတ်မှတ်ထားပါတယ်။

‘အောင်လံလွှင့်ချီနွေဦးထီ’ ရဲ့ အမြင့်ဆုံးဆုကြေးငွေဟာ ၁၅ သိန်းဖြစ်ပေမယ့် စစ်အာဏာသိမ်းကို ဆန့်ကျင်တဲ့ ပြည်သူလူထုအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ကာ အားပေးဝယ်ယူမှုလည်း များပြားခဲ့ပါတယ်။

တစ်ဖက် စစ်ကောင်စီက ဆက်လက်ရောင်းချနေတဲ့ အောင်ဘာလေထီကိုတော့ ပြည်သူလူထုက သပိတ် မှောက်ကာ အားပေးဝယ်ယူခြင်းမရှိတာကြောင့် ကျရှုံးလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။