Connect with us

Hi, what are you looking for?

News

အောင်လံလွှင့်ချီနွေဦးထီရဲ့ ထီဖွင့်ရက်မကြာမီကြေညာမယ်

အကြမ်းဖက်စစ်ကောင်စီရဲ့ အဖျက်အမှောင့်လုပ်ဆောင်မှုတွေကြားက တက်ကြွစွာပူးပေါင်းပါဝင် အားပေးခဲ့ကြတဲ့ မိဘပြည်သူအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ ကံထူးရှင်တွေဖြစ်ကြပါ စေလို့ ဆုမွန်ကောင်းတောင်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရောင်းချတဲ့ ‘အောင်လံလွှင့်ချီနွေဦးထီ’ ရဲ့ Pilot Project အောင်မြင်စွာပြီးဆုံးခဲ့ပြီး ထီဖွင့်ရက်ကို မကြာမီကြေညာပေးမယ်လို့ နွေဦးထီမိသားစုက မနေ့က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အဖျက်အမှောင့်လုပ်ဆောင်မှုတွေကြားက တက်ကြွစွာပူးပေါင်းပါဝင် အားပေးခဲ့ကြတဲ့ မိဘပြည်သူအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ ကံထူးရှင်တွေဖြစ်ကြပါ စေလို့ ဆုမွန်ကောင်းတောင်းထားပါတယ်။

“Pilot project ထီဖွင့်ရက်ကိုကြေငြာပေးသွားပြီး ထီပေါက်စဉ်ကိုထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ မိဘပြည်သူများရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကံထူးရှင်များအား အေးဂျင့်များမှတိုက်ရိုက်ဆက်သွယ်အကြောင်းကြားပေးနေမှာဖြစ်ပါတယ်” လို့ နွေဦးထီမိသားစုက ထုတ်ပြန်ပါတယ်။

Pilot project အပြီး ခေတ္တပြင်ဆင်ပြီး ပုံစံအသစ်နဲ့ပြန်လည်စတင်မယ့် Commercial Launch မှာလည်း ဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ကို လေးစားစွာ တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးထီရဲ့ ရောင်းချရငွေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို အကြမ်းဖက်စစ်ကောင်စီကို အာဏာဖီ ဆန်ကြတဲ့ နိုင်ငံ့ဝန်ထမ်း CDMer တွေ အတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုကြေး ငွေအဖြစ် သတ်မှတ်ထားပါတယ်။

‘အောင်လံလွှင့်ချီနွေဦးထီ’ ရဲ့ အမြင့်ဆုံးဆုကြေးငွေဟာ ၁၅ သိန်းဖြစ်ပေမယ့် စစ်အာဏာသိမ်းကို ဆန့်ကျင်တဲ့ ပြည်သူလူထုအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ကာ အားပေးဝယ်ယူမှုလည်း များပြားခဲ့ပါတယ်။

တစ်ဖက် စစ်ကောင်စီက ဆက်လက်ရောင်းချနေတဲ့ အောင်ဘာလေထီကိုတော့ ပြည်သူလူထုက သပိတ် မှောက်ကာ အားပေးဝယ်ယူခြင်းမရှိတာကြောင့် ကျရှုံးလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။